ကန့်ဘလူမြို့တွင် ပဲတီချဉ်ရောင်းချခြင်းဖြင့် ဝင်ငွေရှာ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဒေသထွက်အရန်ဟင်းဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးကိုရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့်အနက် ပဲတီစိမ်းပင်ပေါက်ချဉ်ကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်းသိရပါသည်။

     ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် အချဉ်မျိုးစုံဖြစ်သည့် ပဲတီချဉ်၊ မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ မုံလာချဉ်၊ သရက်သီးကုလားတည်ချဉ်၊ နှမ်းပတ်ချဉ်နှင့် သံပရာချဉ်တို့ရောင်းချလျက်ရှိပါသည်။ ပဲတီစိမ်းအပင်ပေါက်ပြုလုပ်ရာတွင် ကုန်ကြမ်းဖြစ်သည့် ပဲတီစိမ်းတစ်ပြည်ကို (၈၅၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး ပဲကို တစ်ညရေစိမ်ကာ အပင်ဖောက်ရကြောင်း၊ အပင်ဖောက်ကို အမြစ်ဖြတ်ကာ ရေစင်အောင်ဆေးပြီး အချဉ်တည်ရကြောင်း၊ ပဲပင်ပေါက်အချဉ်ဖြစ်လာစေရန် အချိန်အားဖြင့် (၂)ရက်ကြာအောင်ထားရကြောင်း၊  ပဲတီစိမ်းတစ်ပြည်အချဉ်တည်လျှင် ပဲချဉ်(၄)ပိဿာခန့်ရရှိကြောင်း၊ ရရှိလာသော ပဲတီပင်ပေါက်ချဉ်‌ကိုရောင်းချရာ၌  တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ လက်ဖက်ရည်သောက်ပန်းကန် တစ်ပန်းကန်ကို (၃၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ တစ်ရက်လျှင် ပဲတီစိမ်း ( ၂)ပြည်အချဉ်ဖောက်လျှင် အမြတ်ငွေ ကျပ်(၅၀၀၀)နှင့် ကျပ်(၁၀၀၀၀)ကြားရရှိကြောင်း မြို့မစည်ပင်သာယာဈေးတွင် လက်လုပ်ချဉ်ပြုလုပ်ရောင်းချနေသူ တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)