![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/13.10_3.jpg?itok=STJgadSp)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ထနောင်းဇင်အုပ်စုရှိ သဲကန်ကျေးရွာတွင် ရာသီအလိုက် ကုလားပဲ၊ မြေပဲ၊ နှမ်းနှင့် စပါးတို့ကိုအဓိကထားစိုက်ပျိုးပြီး မိုးနှမ်းကို ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် စတင်စိုက်ပျိုးထားပြီး နှမ်းနီနှင့်နှမ်းဖြူမျိုးကို အများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။
ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် နှမ်းနီ(၂)ဧက၊ နှမ်းဖြူ(၃)ဧကစိုက်ပျိုးထားပြီး (၁)ဧကလျှင် မျိုး(၂)ပြည်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် လက်ကျန်မျိုးများကို ပြန်လည်အသုံးပြု၍စိုက်ပျိုးထားပြီး ရက်ပေါင်း(၈၀)ရက် အကြာတွင်ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ ပေါင်းနုတ်ခ၊ လုပ်အားခအပါအဝင် (၁)ဧကလျှင် ကျပ်(၁၀၀၀၀၀)ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က နှမ်း(၁)ဧကလျှင် (၇)တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်းဖြူ(၁)တင်းလျှင် ကျပ် (၁၂၇၀၀၀)၊ နှမ်းနီ ကျပ်(၁၁၀၀၀၀)ထိဈေးရရှိခဲ့ကြောင်း၊ နှမ်းဈေးကွက်အနေဖြင့် မကွေးမြို့သို့ တင်ပို့ ရောင်းချပါကြောင်း၊ ယခုဇွန်လ(ဒုတိယပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၂၂၀၀၀)၊ နှမ်းဖြူ(၁) တင်းလျှင် ကျပ်(၁၃၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သဲကန်ကျေးရွာနေမိုးနှမ်းစိုက်တောင်သူ ဒေါ်ညွှန်ရီထံမှ သိရှိရပါသည်။
DOCA(မကွေး)