ကရင်ပြည်နယ်မှတစ်ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ကြက်သွန်နီဈေးနှုန်း

Powered by Drupal

     ကရင်ပြည်နယ်အတွင်း ၂၀၂၄ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း ဘားအံမြို့ရေပေါ်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ထိပ်စ (၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလတ်စ (၁)ပိဿာလျှင် (၂၄၀၀)ကျပ်၊ အငယ်စ (၁)ပိဿာလျှင် (၂၃၀၀)ကျပ်၊ ဥသေး (၁)ပိဿာလျှင် (၁၉၀၀)ကျပ်ဖြင့်လက်လီအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် အိတ်ဆွဲအနေဖြင့် (၁၀)ပိဿာလျှင် (၁၀၀)ကျပ်ခန့် ဈေးလျော့နည်း‌ကြောင်း သိရသည်။

    ကရင်ပြည်နယ်အတွင်းသို့ဝင်ရောက်လျက်ရှိသော ကြက်သွန်နီများမှာ မြင်းခြံဒေသထွက် ကြက်သွန်နီများဖြစ်ကြောင်းနှင့် ဈေးနှုန်းနှိုင်းယှဉ်ချက်များအရ ယခုအပတ်တွင်ကြက်သွန်နီ (၁)ပိဿာလျှင် (၁၀၀)ကျပ်ခန့်ဈေးကျလျက်ရှိကြောင်း သိရပါသည်။

DOCA(ကရင်)