ပခုက္ကူမြို့ပေါ်၌ ဖြစ်ပေါ်နေသော စားသုံးဆီဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၄ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ စက်ပဲဆီသန့်တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၂၅၀၀)ဖြစ်ပြီး၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၈၅၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ် (၁၅၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ယခင်မေလ(ဒုတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်ပါက ဇွန်လ(ဒုတိယပတ်)တွင် မြေပဲဆန်ဈေးနှုန်းမှာ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် မြေပဲဆီဈေးနှုန်းမှာလည်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် စားသုံးဆီများမှာလည်းဈေးငြိမ်ကြောင်း၊ စားသုံးဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှသိရှိရပါသည်။ ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများ၍ လုပ်ငန်းရှင်များကလည်း မြေပဲဆန်၊ မြေပဲဆီများထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့ မြေပဲဆီများ ထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)