ဘိလပ်မြေဈေးနှုန်းများ ဈေးကွက်အတွင်း ကျဆင်းလျက်ရှိ

Powered by Drupal

     မိတ္ထီလာမြို့ဈေးကွက်အတွင်း၌ အိမ်ဆောက်ပစ္စည်းတစ်မျိုးဖြစ်သည့် အပါချီဘိလပ်မြေကို သာစည်မြို့နယ်၊ ပြည်ညောင်ရှိ ရွှေတောင်ဘိလပ်မြေစက်ရုံ၊ အယ်ဖာနှင့်ကြံ့နှစ်ကောင်ဘိလပ်မြေကို ကျောက်ဆည်မြို့ရှိ ဘိလပ်မြေစက်ရုံများမှ တိုက်ရိုက်မှာယူရောင်းချကြောင်း၊ တချို့မှာ ရွှေမေတ္တာ ကုမ္ပဏီမှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ ဇွန်လ ဒုတိယပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် (၈၆၀၀) ကျပ်၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၈၈၀၀) ကျပ်၊ အယ်ဖာ ဘိလပ်မြေတစ်အိတ်လျှင် (၈၅၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

       ယခင်မေလ ဒုတိယပတ်အတွင်း၌ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် (၁၁၀၀၀) ကျပ်၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၉၃၀၀) ကျပ်၊ အယ်ဖာ ဘိလပ်မြေတစ်အိတ်လျှင် (၉၉၀၀) ကျပ်ဖြစ်၍ ယခင်လနှင့် ယခုလကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် (၂၄၀၀) ကျပ်၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၅၀၀) ကျပ်၊ အယ်ဖာ ဘိလပ်မြေတစ်အိတ်လျှင် (၁၄၀၀) ကျပ် စသည်ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရသည့်အကြောင်းရင်းမှာ စက်သုံးဆီဈေးနှုန်းများကျဆင်းလာ၍ ကုန်ကြမ်း၊ ကုန်ချောသယ်ယူစရိတ်များ အနည်းငယ်ကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟု ဘိလပ်မြေအရောင်းဆိုင်လုပ်ငန်းရှင်များထံမှသိရပါသည်။

DOCA(မန္တလေး)