မိတ္ထီလာကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံသီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည်ဒိုင်၌ ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်း လျှင် (၁၀၀၀၀၀-၁၀၂၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၂၀၀၀၀-၁၂၅၀၀၀) ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀-၁၄၅၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၉၀၀-၂၉၅၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၃၇၀၀-၃၈၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၉၀၀-၁၉၅၀) ကျပ်ဖြင့် ရောင်းဝယ်ဖြစ်လျက်ရှိပြီး၊ မေလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်းလျှင် (၉၈၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၅၀၀၀) ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၆၅၀-၂၇၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၃၁၅၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၈၅၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ယခုလ ကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ဆီထွက်သီးနှံဈေးနှုန်းများမြင့်တက်လျက်ရှိပြီး၊ ကုန်ချောဈေးနှုန်းများတည်ငြိမ်လျက်ရှိပါသည်။

      ယခုဇွန်လ ဒုတိယပတ်အတွင်း ပဲမျိုးစုံစျေးကွက်တွင် ကုလားပဲ (V2) တစ်တင်းလျှင် (၈၄၀၀၀) ကျပ်၊ ပဲစင်းငုံ (သစ်) တစ်တင်းလျှင် (၁၄၂၀၀၀-၁၄၃၀၀၀)ကျပ်၊ ထိုင်ဝမ်တစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ 929 တစ်တင်လျှင် (၈၀၀၀၀) ကျပ်စျေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ယခင် မေလ ဒုတိယပတ်အတွင်း ပဲမျိုးစုံစျေးနှုန်းတွင် ကုလားပဲ (V2) တစ်တင်းလျှင် (၈၂၀၀၀) ကျပ်၊ ထောဖြူ (သစ်) တစ်တင်းလျှင် (၉၀၀၀၀) ကျပ်၊ ထိုင်ဝမ်တစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၈၀၀၀၀) ကျပ်စျေးနှုန်းရှိခဲ့ရာ ယခင်လနှင့်ယခုလကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ကုလားပဲများမှာ ဒေသတွင်းသုံးစွဲမှုများလာခြင်းကြောင့် ကုလားပဲ (V2)စျေးနှုန်းမှာ တစ်တင်းလျှင် (၂၀၀၀) ကျပ်ခန့်မြင့်တက်ခဲ့ပြီး ထိုင်ဝမ်တစ်တင်းလျှင် (၃၀၀၀) ကျပ်ခန့်စျေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။

        ယခုဇွန်လ ဒုတိယပတ်အတွင်း စက်မှုကုမ်ကြမ်းသီးနှံနှင့် စားဖိုဆောင်သီးနှံဈေးကွက်တွင် ဝါတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ငရုတ်သစ်တစ် ပိဿာလျှင် (၈၅၀၀-၉၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၁၈၀၀-၁၉၀၀) ကျပ်၊ ယခင်မေလ ဒုတိယပတ်အတွင်း ဝါတစ်ပိဿာလျှင် (၂၇၀၀-၂၈၀၀)ကျပ်၊ ငရုတ်သစ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၁၉၀၀-၂၀၀၀) ကျပ်ရှိပြီး ယခင်လနှင့် ယခုလဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ဝါတစ်ပိဿာလျှင် (၂၀၀) ကျပ်ခန့်၊ ငရုတ်သစ်တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်းမြင့်တက်လာပြီး ကြက်သွန်နီ တစ်ပိဿာလျှင် (၂၀၀) ကျပ်ခန့်ဖြင့် ဈေးနှုန်းကျဆင်းလာကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)