![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ခရမ်းချဥ်သီး_7.jpg?itok=P32lyKsM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးခရမ်းချဉ်သီးဈေးနှုန်းထပ်မံမြင့်တက် လာသော်လည်းမိုးရွာ၍ ကျွန်းမျောစိုက်ခင်းများပျက်စီးပြီး တောင်သူများ ထိခိုက်အရှုံးပေါ်နေကြောင်း အင်းလေးကန်ကျွန်းမျောစိုက်တောင်သူများထံမှ သိရသည်။ အင်းလေးမှ ညောင်ရွှေအရောက် ခရမ်းချဉ်သီးတစ်တင်းလျှင် ငွေကျပ် (၉၀၀၀၀) ပေါက်ဈေးရှိပြီး တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဈေးရှိပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းပွဲရုံပေါက်ဈေးမှာ ဂွတ်ရှယ်သီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဈေးရှိပါသည်။ ထိုသို့ အင်းလေးခရမ်းချဉ်သီး ဈေးနှုန်းမြင့်မားသော်လည်း၊ ကုန်ကျစရိတ်မြင့် တက်ခြင်းကြောင့် စိုက်ပျိုးတောင်သူနည်းပါးကာ ကျွန်းမျောစိုက်တောင်သူ အနည်းငယ်သာဈေးကောင်းရရှိကြောင်း သိရသည်။ ညောင်ရွှေမြို့နယ်တွင် ယခင်နှစ်ကထက် လေးပုံတစ်ပုံသာ စိုက်ပျိုးနိုင်ခြင်းရှိကြောင်း သိရသည်။ အင်းလေးဒေသထွက် ခရမ်းချဉ်သီးကို မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်း ချခြင်းဖြစ်ပါသည်။ အင်းလေးခရမ်းချဉ်သီးများသည် ဈေးနှုန်းကျဆင်းလျှင် တစ်ပိဿာတစ်ရာကျပ် အထိကျဆင်းလေ့ရှိပြီး သီးနှံဈေးနှုန်းတည်ငြိမ်မှုမရှိကြောင်းသိရသည်။
အောင်ပန်းကုန်စည် အမျိုးမျိုးရောင်းဝယ်ရေး၊ အောင်ပန်းကုန်စိမ်းပွဲရုံများတွင် ခရမ်းချဉ်သီး ဂွတ်ရှယ်သီးတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ရှယ်သီးတစ်ပိဿာလျှင် (၃၈၀၀) ကျပ်၊ အသေးဆုံးသီး တစ်ပိဿာလျှင်(၃၅၀၀) ကျပ်ပေါက်ဈေးရှိနေပြီး ဇွန်လအတွင်း ခရမ်းချဉ်ဈေးနှုန်းဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။
DOCA(ရှမ်း)