မကွေးမြို့တွင် ဂေါ်ဖီထုပ်နှင့်ငရုတ်သီးခြောက်ဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဈေးများတွင် ဂေါ်ဖီထုပ်ကို မင်းဘူးမြို့ နယ်၊ ကျောက်တန်းကျေးရွာနှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း၊ ငရုတ် သီးခြောက်ကို ဆင်ဖြူကျွန်းမြို့၊ ရေနံချောင်းမြို့၊ မင်းဘူးမြို့နှင့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ် မြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

      ၂၀၂၄ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၅၀၀၀)၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် ကျပ်(၁၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဂေါ်ဖီထုပ် ကျပ်(၂၀၀၀)၊ ငရုတ်သီးခြောက် ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက် လျက်ရှိကြောင်းသိရပါသည်။ ဂေါ်ဖီထုပ်မှာ ဒေသတွင်းထွက်ရှိမှုနည်းပါးသည့်အတွက် ရှမ်းပြည်နယ်အောင်ပန်းမြို့မှ အများဆုံးမှာယူရောင်းချရသဖြင့် သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ဈေးမြင့်လာရ ခြင်းဖြစ်ပြီး ငရုတ်သီးခြောက်မှာ ရာသီကုန်ဆုံးသောကာလဖြစ်သည့်အတွက် ပွဲရုံများတွင်လည်း ကုန်ပစ္စည်းလက်ကျန်နည်းပါးသောကြောင့် ဈေးနှုန်းမှာမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)