ပခုက္ကူမြို့တွင် ဇွန်လ(ဒုတိယပတ်)၌ ဘိလပ်မြေဈေးနှုန်းများ ဈေးငြိမ်လျက်ရှိ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် ပခုက္ကူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်းနှင့် ဟိန်းစည်အရောင်းဆိုင်များသို့(၁၁.၆.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းရာတွင် ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် မြေပြင်လက်ကျန်အခြေအနေများ၊ ကုန်ပစ္စည်းဝင်ရောက်မှုများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်း လေ့လာခဲ့ပါသည်။ ဘိလပ်မြေဈေးနှုန်းဈေးကွက်များမှာ ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)နှင့် (ဒုတိယပတ်) တွင် ဘိလပ်မြေဈေးနှုန်းမျာ ငြိမ်နေကြောင်း၊ ယခုဇွန်လ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ  ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၉၈၀၀)၊ အယ်ဖာတစ်အိတ်လျှင် ကျပ်(၉၅၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ်(၁၀၃၀၀)ဖြင့် ဈေးငြိမ်နေပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း၊ ဘိလပ်မြေလက်ကျန်မှာ အသင့်အတင့်ရှိနေကြောင်း ဘိလပ်မြေအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မကွေး)