မိတ္ထီလာမြို့ပေါ်ရှိ အောင်ဟိန်းဝင်းပဲကြော် လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ (၁၃ . ၆ . ၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်တွင်း MSMEs ကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ မိတ္ထီလာမြို့၊ မြင်းကန်အုပ်စု၊ ဆည်ကုန်းကျေးရွာရှိ “အောင်ဟိန်းဝင်း” ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဈေးနှုန်း၊ ဈေးကွက်များအား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းမေးမြန်းရာတွင် ပဲကြော်လုပ်ငန်းရှင်မှ ယခုလက်ရှိအချိန်တွင် ပဲကြီးခြမ်း ကြော်များ ရောင်းအားသွက်လျက်ရှိပါကြောင်း၊ ကျောက်ပန်းတောင်း၊ မကွေး၊ မုံရွာမြို့များမှ ပဲကြီးများ ဝယ်ယူကြောင်း၊ ပဲကြီး တစ်ပိဿာ (၅၄၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှပိဿာ အချိန် (၁၂၀) ပိဿာ ကြော်ရကြောင်း၊ မိသားစုလုပ်အားကိုသာ အဓိကထားလုပ်ကိုင်ကြပြီး၊ ပြင်ပလုပ်သားအနည်းငယ်ဖြင့်သာ လုပ်ကိုင်လျက်ရှိပြီး ၊ မိသားစုစားဝတ်နေရေးအဆင်ပြေ၍ တွက်ချေကိုက်ကြောင်း သိရှိရပါသည်။

    ပဲကြီးခြမ်းကြော်ကို လက်ဖက်နှင့်တွဲ၍ စားသုံးလေ့ရှိရာဒေသတွင်း စားသုံးမှုသာမက မိတ္ထီလာမြို့၊ သာစည်၊ မလှိုင်မြို့များသို့ လက်လီလက်ကားရောင်းချရန်လည်းကောင်း၊ နယ်မှမိတ်ဆွေများအတွက် ဒေသလက်ဆောင်အနေနှင့် ဝယ်ယူသူများကြောင့် ဝယ်လိုအားကောင်းကြောင်း သိရပါသည်။ ပဲကြီးခြမ်းကြော်ကို ဈေးကွက်၌ ဒေသအခေါ် ပဲဖူးကြော်ဟူ၍ ခေါ်တွင်ကာ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)