ပခုက္ကူမြို့၌ ဇွန်လ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသော မန်ကျည်းသီးမှည့်ဈေးကွက်

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်း တောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှထွက်ရှိ၍ နေ့စဉ်ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

        ယခင် မေလ(ဒုတိယပတ်)တွင် မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ မန်ကျည်းသီးအစေ့ပါ တစ်ပိဿာလျှင် ကျပ်(၂၄၅၀)၊ မန်ကျည်းသီးအစေ့မပါ တစ်ပိဿာလျှင် ကျပ် (၄၅၀၀-၅၀၀၀) ရှိပြီး ယခု ဇွန်လ(ဒုတိယပတ်)တွင် မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ မန်ကျည်းသီးအစေ့ပါ တစ်ပိဿာ လျှင် ကျပ်(၂၅၅၀)၊ မန်ကျည်းသီးအစေ့မပါ တစ်ပိဿာလျှင် ကျပ် (၅၅၀၀-၆၀၀၀)ရှိကြောင်း၊ ယခင် မေလ(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက မန်ကျည်းသီးအစေ့မပါ တစ်ပိဿာလျှင် ကျပ်(၁၀၀၀) ဈေးမြင့် တက်၍ အရောင်းအဝယ်ဖြစ်လျက်ကြောင်းသိရှိရပြီး နွေအကုန် မိုးရာသီအကူးကာလတွင် မန်ကျည်း များရှားပါးလာသောကြောင့်ဈေးမြင့်တက်ခြင်းဖြစ်ကြောင်း၊ အစေ့ပါနှင့်အစေ့လွတ်မန်ကျည်းသားများ ကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန် လုပ်ငန်းရှင် လှောင်လက်သမားများမှ ဝယ်ယူကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည်လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီလုပ်ငန်းရှင်များမှလည်း အများအပြားဝယ်ယူ သည့်အပြင် ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိပြီး ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)