တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် Kaung Hlyan New Asia Co,Ltd မှ ဖြန်ဖြူးရရှိသော စားအုန်းဆီများကို (၁၃-၆-၂၀၂၄)ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်မှစ၍ ထားဝယ်မြို့၏ လက်လီဆိုင် (၁၄)ဆိုင်တို့သည် သတ်မှတ်ရည်ညွှန်းစျေးဖြင့် လူတစ်ဦးလျှင် ဆီ(၅၀)ကျပ်သားနှုန်းရောင်းချပေးလျက်ရှိပါသည်။
အဆိုပါရောင်းချမှုအား စားအုန်းဆီဖြန့်ဖြူးကြီးကြပ်ရေးကော်မတီအနေဖြင့် သတ်မှတ်ရည်ညွှန်းစျေးဖြင့်ရောင်းချရေး၊ အရေအတွက်ပြည့်ဝစွာရောင်းချရေးတို့အတွက် လိုက်လံစစ်ဆေးပေးလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)