မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများကျဆင်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

    မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ မေလ(စတုတ္ထပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၁၈၀၀၀-၂၁၀၀၀)များဖြင့်လည်းကောင်း၊ ဇွန်လ (ပထမထပတ်)တွင် ငွေကျပ်(၆၀၀၀-၈၀၀၀)များဖြင့် လည်းကောင်း၊ ဇွန်လ(ဒုတိယပတ်)တွင် ငွေကျပ် (၅၀၀၀-၆၀၀၀)များဖြင့် လည်းကောင်း ရောင်းချခဲ့ကြောင်း၊ မိုးဦးရာသီတွင် ကွမ်းအထွက်နှုန်းတိုးကာ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများခြင်းကြောင့် ဈေးနှုန်းများ ကျဆင်း လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)