ဈေးကောင်းရ အဝယ်လိုက်နေဆဲ ဒူးရင်းသီးများ

Powered by Drupal

          ဒူးရင်းသီးကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီးရန်ကုန်တိုင်း၊ ပဲခူးအရှေ့ခြမ်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်းစိုက်ပျိုးကြသည်။ ဒူးရင်းသီးသည် ပူအိုက်စွတ်စိုသော ရာသီဥတုကိုကြိုက်နှစ်သက်ပြီး မိုးဦးကျ ဇွန်လတွင် စတင် စိုက်ပျိုးပေးရပါသည်။ မိုးဦး၊မိုးနှောင်းကာလနှင့်ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေဩဇာကျွေး သင့်ပါသည်။ ဒူးရင်းပင်များသည် ပင်ညှိုးပိုးဝင်ရာက်ခြင်းနှင့်ပင်စည်ပုတ်ရောဂါများဖြစ်တတ်သဖြင့် နေ့စဉ်မပြတ်ဂရုပြုစိုက်ပျိုးရပါသည်။

         ဒူးရင်းသီးအား ဧပြီလတွင် အသီးစတင်ဆွတ်ခူးနိုင်ပါသည်။ ဒူးရင်းသီး၏ဆူးကို လက်မဖြင့် ခေါက်ကြည့်ပါကဂလိုင်သံထွက်လာလျှင် အညှာအရစ်၏အထက်မှဖြတ်ပြီး ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ အသီးအရောင်ပြောင်း၍ဆူးကျဲလာလျှင် ကောင်းစွာရင့်မှည့်လာကြောင်းသိရှိနိုင်ပြီး အသီး များ ကောင်းစွာရင့်မှည့်မှသာ ခူးဆွတ်သင့်ပါသည်။ ခူးဆွတ်ပြီးသောအသီးများအား သာမန်အခန်း အပူချိန်တွင်ထားပါက(၁၀)ရက်ခန့်အထားခံပါသည်။အပင်မှည့်ကြွေသီးမှာ အရသာပိုကောင်း သော်လည်းနှစ်ရက်သုံးရက်ခန့်သာအထားခံပါသည်။ ဒူးရင်းသီးကောင်းမွန်ခြင်း၏ အရည်အသွေး များမှာ အသီးထွက် ကောင်းခြင်း၊ အိမ်မွှာကြီး၍အသားထူအစေ့သေးခြင်း ၊ အရသာကောင်းမွန်ခြင်း တို့ဖြစ်သည်။ အချိုအရသာကဲ၍ အခါးဘက်လုသောဒူးရင်းသီးအား အရသာအကောင်းဆုံး ဒူးရင်းသီးဟု သတ်မှတ်ကြသည်။ဒေသထွက်ဒူးရင်းသီး ဈေးနှုန်းများအနေဖြင့် အရွယ်အစားနှင့် အရည်အသွေးပေါ် မူတည်၍ ၃၀၀၀ကျပ်ခန့်မှစ၍ ၅၀၀၀ကျပ်၊ ၁၀၀၀၀ကျပ်ခန့်အထိ ပေါက်ဈေး ဖြစ်ပေါ်လျက်ရှိပြီး ထွက်ရှိရာဒေသများမှတဆင့် မြန်မာနိုင်ငံအနှံ ရောင်းဝယ်ဖောက်ကားလျက်ရှိနေ ပါသည်။ ထို့အပြင် ယိုးဒယားဈေးကွက် မှဝင်ရောက်လာသည့် ချန်နီ၊ မွန်ထောင်နှင့် ဖုံမဏီ ဒူးရင်းမျိုး များသည်လည်း အရွယ်အစားနှင့် အမျိုးအစားများပေါ်မူတည်၍ တစ်ကီလိုလျှင်ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ဝန်းကျင်ခန့်အထိ ပေါက်ဈေးရှိနေပြီး လူကြိုက်များလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)