![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ကြက်သွန်ဖြု.jpg?itok=6RV1tSIY)
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူကို တောင်ကြီး၊ ပင်လောင်း၊ မိုင်းပန်၊ ဟိုပုံး၊ လဲချား မြို့နယ်မှာ အဓိကစိုက်ပျိုးကြပြီး ကျန်မြို့နယ်များမှာလည်း အနည်းငယ်စီ စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူကို အောက်တိုဘာလနှင့်နိုဝင်ဘာလတွင် စိုက်ပျိုးပြီး သက်တမ်း(၄)လ အကြာ မတ်လမှ ဧပြီလများတွင် ရိတ်သိမ်းထွက်ရှိကာ တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ပျိုးသော သီးနှံဖြစ်ပါတယ်။ နှစ်စဉ် သင်္ကြန်ပတ်ဝန်းကျင် ဧပြီလဟာ ကြက်သွန်ဖြူ လှိုင်လှိုင်ထွက်ရှိသည့် ကာလဖြစ်ပါတယ်။
ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ကြက်သွန်ဖြူဈေးနှုန်းမှာ လတ်ခြား ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅၊ ထူးလွန် လိုအဆင့်ခွဲပြီး ဈေးကွက်မှာ ရောင်းဝယ်လျက်ရှိပါတယ်။ လတ်ခြား ထူး-၁၊ ထူး-၂ ကိုဆိုရင် ဒေသတွင်းမှာအရောင်းအဝယ်လုပ်ကြပါတယ်။ ယခင်နှစ်က ကြက်သွန်ဖြူ တစ်ပိဿာလျှင် ဒေသပေါက်ဈေးမှာ (လတ်ခြား) ကျပ် ၇၀၀၀၊ (ထူး-၁) ကျပ် ၇၅၀၀၊ (ထူး-၂) ကျပ် ၈၀၀၀၊ (ထူး-၃) ကျပ် ၈၅၀၀၊ (ထူး-၄) ကျပ် ၉၀၀၀၊ (ထူး-၅) ကျပ် ၉၅၀၀၊ (ထူးလွန်) ကျပ် ၁၀၀၀၀ ရှိကြောင်းသိရှိရပါတယ်။ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင် ပွဲရုံဈေးမှာ (လတ်ခြား) ကျပ် ၇၅၀၀၊ (ထူး-၁) ကျပ် ၈၀၀၀၊ (ထူး-၂) ကျပ် ၈၅၀၀၊ (ထူး-၃) ကျပ် ၉၀၀၀၊ (ထူး-၄) ကျပ် ၉၅၀၀၊ (ထူး-၅) ကျပ် ၁၀၀၀၀၊ (ထူးလွန်) ကျပ် ၁၁၀၀၀ ရှိကြောင်းသိရှိရပါတယ်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နှစ်စဉ်ကြက်သွန်ဖြူစိုက်ဧက (၃၀၀၀၀) နီးပါး စိုက်ပျိုးကြပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ဧက (၂၉၆၁၅) ဧကစိုက်ပျိုးကာ အထွက်နှုန်းမှာ (၁၀၁၃၄၁)တန် ရှိပါတယ်။ ယခင်နှစ်က ကြက်သွန်ဖြူတစ်ဧကစိုက်ပျိုးလျှင် အထွက်နှုန်းမှာ (၃.၄၂၀)တန်ထွက်ရှိပြီးထွက်ရှိသော ရှမ်းကြက်သွန်ဖြူအသစ်ကို မြန်မာပြည်အနှံအပြား တင်ပို့ ရောင်းချလျက်ရှိကြောင်းသိရှိရပါတယ်။ ရှမ်းကြက်သွန်ဖြူများ ဈေးကောင်းရရှိနေပြီး ကြက်သွန်ဖြူ စိုက်တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေနေကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)