တညင်းသီးဈေးကွက်ဈေးနှုန်းအခြေအနေ

Powered by Drupal

    မိုးရာသီသို့ရောက်ရှိလာသည့်အချိန်တွင် အသီးအနှံအများစုလည်း ဈေးကွက်သို့ ရောက်ရှိလာနေပြီ ဖြစ်ပါသည်။ အသီးအနှံများထဲမှ လူတို့နှစ်သက်သည့် တညင်းသီးလည်း ဈေးကွက်ထဲသို့ ရောက်ရှိလာနေပြီး ဖြစ်ပါသည်။ တညင်းသီးကို ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းများမှ ထွက်ရှိပါသည်။ တညင်းသီးကို ရန်ကုန်မြို့ သီရိမင်္ဂလာကုန်စိမ်းဒိုင်းများမှ လက်ကားဈေးအလုံး ၁၀၀ ကို ၁၄၀၀ဝိ/ ကျပ် မှ ၁၇၀၀ဝိ/-ကျပ်အထိ ဝယ်ယူရပြီး၊ လက်လီဈေးမှာ ၁၀လုံး ကို ၁၂၀ဝိ/-ကျပ် မှ ၁၅၀ဝိ/-ကျပ် ဖြင့် ပြန်လည်ရောင်းချနေပြီး ဟင်းရွက်ရောင်းချသူများမှလည်း တညင်းသီးပြုတ်ပြုလုပ်၍ ၁လုံးကို ၂၀ဝိ/-ကျပ်မှ ၂၅ဝိ/- ကျပ် ဈေးနှုန်းဖြစ်လည်း ရောင်းချနေကြောင်း သိရှိရပါသည်။ ပုသိမ်မြို့တွင် လူကြိုက်များသည့် ပုသိမ်မြို့တဘက်ကမ်း ကြိမ်နီကုန်းကျေးရွာမှ ထွက်ရှိသော တညင်းသီးလည်း အနည်းငယ်ထွက်ရှိလာနေပါသည်။ လက်ကားဈေး အလုံး ၁၀၀ ကို ၃၀၀၀ဝိ/-ကျပ်ဖြင့် ရောင်းချနေပြီး၊ လက်လီဈေးအဖြင့် ၁၀လုံးကို ၁၀၀၀ဝိ/- ကျပ်မှ ၁၅၀၀ဝိ/-ကျပ် အထိ ရောင်းချနေကြောင်း ပုသိမ်ဈေးကွက်မှ သိရှိရပါသည်။

DOCA(ဧရာဝတီ)