ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ကုန်ဈေးနှုန်း သုံးသပ်တင်ပြချက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအတွင်း (၁၂.၆.၂၀၂၃) ရက်နေ့နှင့် (၁၄.၆.၂၀၂၄) ရက်နေ့တွင် ဖြစ် ပေါ်ခဲ့သော ကုန်ဈေးနှုန်း ပြောင်းလဲမှုအခြေအနေများမှာ ပေါ်ဆန်းဆန်၊ ဧည့်မထဆန် ဈေးနှုန်း တို့မှာ (၁၂.၆.၂၀၂၃) ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပေါ်ဆန်းဆန် (၅၀၀၀၀/-) ကျပ်၊ ဧည့်မထဆန် (၂၃၀၀၀/-)ကျပ် မြင့်တက်နေကြောင်း တွေ့ရှိရပြီး၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဈေးနှုန်းများမှာ (၁၂.၆. ၂၀၂၄) ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ ဈေးနှုန်းမှာ တစ်ဂါလန်လျှင် (၂၂၉၆/-) ကျပ်၊ ဒီဇယ်ဆီ ဈေးနှုန်းမှာ (၁၇၇၃/-) ကျပ် မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ရည်ညွှန်းဈေးပေါ် မူတည်ပြီး အတက်၊ အကျ ဖြစ်ပေါ်နေသည်ဟု သုံးသပ်ရပါသည်။ စားအုန်းဆီဈေးနှုန်းမှာ (၁၂.၆.၂၀၂၃) ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၂၀၀/-) ကျပ် လျော့နည်းကြောင်း တွေ့ရှိရပါသည်။ (ရည်ညွှန်ဈေး + သယ်ယူစရိတ်+၂%) ရောင်းချနေခြင်းကြောင့် ဖြစ်ပြီး ရွှေဈေးနှုန်းအနေဖြင့် (၁၂.၆.၂၀၂၃) ရက်နေ့နှင့် နှိုင်းယှဉ်ပါက ၁၆ပဲရည် (၂၄၀၀၀၀၀/-) ကျပ် ၁၅ပဲရည် (၂၂၂၀၀၀၀/-) ကျပ် ဈေးနှုန်းများ မြင့်တက်နေကြောင်းတွေ့ရှိရပြီး ကမ္ဘာရွှေဈေးနှုန်းအပေါ် ရန်ကုန်မြို့ရှိ ရွှေလက်ကား ရောင်းဝယ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်ရွှေဆိုင်များ၏ ဈေးနှုန်းများအတိုင်း ရောင်းချလျက် ရှိကြောင်း တွေ့ရှိရပါသည်။

    စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ကြူကုတ်)၊ (ရှမ်းဖြူ)၊ အာလူးဈေးနှုန်းများမှာ (၁၂.၆.၂၀၂၄) ရက်နေ့နှင့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ မြင့်တက်နေကြောင်း တွေ့ရှိရပြီး အသားဈေးနှုန်းများသည်လည်း စည်ပင်သာယာရေးအဖွဲ့၏ ထိန်းကြောင်းကြပ်မတ်မှုကြောင့် ဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ငါးဈေးနှုန်းအနေဖြင့် (၁၂.၆.၂၀၂၃) ရက်နေ့ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ငါးကြင်း၊ ငါးခူ၊ ငါးရံ့ဈေးနှုန်းများ မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ဈေးနှုန်းများမြင့်တက်ရခြင်းမှာ သွင်းအားစုဖြစ်သည့် အစာဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အထွေထွေကုန်ကျစရိတ်များ မြင့်မားခြင်းကြောင့်ဖြစ်သည်ဟု သတင်းရရှိရပါသည်။

DOCA(ဧရာဝတီ)