တောင်ငူမြို့၏ ဆေးဖက်ဝင်သံပရာသီး

Powered by Drupal

       မြန်မာနိုင်ငံတွင် သံပရာသီးကို အသုပ်များထဲတွင်လည်းကောင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲများတွင်လည်းကောင်း၊ အရသာချဉ်ချဉ်စားချင်သူများက သံပရာအရည်ညှစ်၍ စားသုံးကြပါသည်။ သံပရာသီးသနပ်လုပ်၍လည်းစားသုံးကြပါသည်။

        ခေါင်းမူး၊ ခေါင်းမကြည်သည့် အချိန်များတွင်လည်း သံပရာသီးကို ဖျော်ရည်လုပ်၍သောက်ခြင်းဖြင့် သက်သာစေနိုင်ပါသည်။ နွေရာသီတွင် သံပရာဖျော်ရည်မှာ လူကြိုက်များသော  သစ်သီးဖျော်ရည်တစ်မျိုးဖြစ်ပါသည်။

        သံပရာသီးသည် အစားအသောက်အပြင် ဆေးဝါးဖော်စပ်ရာတွင်လည်းကောင်း၊ အလှအပရေးရာတွင်လည်းကောင်း အသုံးပြုသောအသီးဖြစ်သောကြောင့် များစွာအသုံးဝင်ပါသည်။ သံပရာသီးတွင်ပါဝင်သော ဗီတာမင်စီဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ ဘက်တီးရီးယားပိုးများကိုသေစေပြီး ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပါသည်။

       ၂၀၂၄ခုနှစ်၊ ဇွန်လ တတိယအပတ်အစပိုင်းတွင် တောင်ငူမြို့ဈေးများမှ သံပရာသီးများကို အလုံးအသေးအကြီးပေါ်မူတည်၍ တစ်လုံးလျှင် ၇၀ကျပ်မှ ၁၀၀ကျပ်အထိရောင်းရကြောင်း သံပရာသီးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(ပဲခူး)