တောင်ငူမြို့၏ မြန်မာ့ရိုးရာအုန်းထမင်း

Powered by Drupal

     အုန်းထမင်းသည် မြန်မာ့အစားအစာများအနက် လူမျိုးဘာသာမရွေးစားသုံးကြသော လူကြိုက်များသည့် အစားအစာတစ်မျိုးဖြစ်ပါသည်။ ယခုကဲ့သို့သော အပူချိန်လျော့နည်းသည့် မိုးကာလတွင် အများစုချက်စားလေ့ရှိပါသည်။

        အုန်းထမင်းချက်ရာတွင် ပေါ်ဆန်းဆန် နို့ဆီ(၃)ဘူးလျှင် အုန်းသီးတစ်လုံးအသုံးပြုရပါသည်။ အုန်းသီးကို အုန်းနို့ညှစ်၍ ဆန်အပေါ်၌ အုန်းနို့ရေလက်တစ်ဆစ်ခန့်ထည့်၍ ချက်ရပါသည်။ ဆီအနည်းငယ်၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်ထည့်၍ အရည်ခမ်းအောင်ချက်ပြီးလျှင် အလွန်အရသာရှိသော အုန်းထမင်းကိုရရှိပါသည်။

      အုန်းထမင်းကို ကြက်သားဟင်း၊ အမဲနှပ်၊ အချဉ်ကြော်တို့နှင့်တွဲဖက်စားသုံးရပါသည်။ ယခု၂၀၂၄ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တောင်ငူမြို့ရှိ အုန်းထမင်းဆိုင်များ၌ အလွတ်တစ်ပွဲလျှင် ၂၀၀၀ကျပ်၊ ကြက်သားဟင်း၊ အချဉ်ကြော်နှင့်တစ်ပွဲလျှင် ၅၅၀၀ကျပ်၊ အမဲနှပ်၊ အချဉ်ကြော်နှင့်တစ်ပွဲလျှင် ၆၅၀၀ကျပ်ဖြင့်ရောင်းချနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)