ပြည်ဈေးကွက်တွင် ဂွေးသီးများ အရောင်းအဝယ်ဖြစ်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ပုတီးကုန်းဒေသ၊ တောင်ပို့လှရွာမှ အများဆုံးထွက်ရှိသော ဂွေးသီးများကို ရထားများ၊ ကားများဖြင့် လာရောက်ရောင်းချကြပါသည်။ ဂွေးသီးပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးသော အပင်ကြီးအမျိုးအစားဖြစ်ပါသည်။ ဂွေးသီးပင်ကို အိမ်ခြံမြေများတွင် စနစ်တကျစိုက်ပျိုးခြင်း၊ ယာမြေများတွင် စိုက်ပျိုးခြင်းများရှိကာ ၎င်းမှာ အလေ့ကျပေါက်ရောက်သော အပင်လည်းဖြစ်သည်။

    အချိုပင်နှင့် အချဉ်ပင်ဟူ၍ (၂)မျိုးရှိပြီး ဂွေးချိုသီးကို အများအားဖြင့် အချဉ်ပေါင်းပြုလုပ်စားကြပါသည်။ ဂွေးချဉ်သီးကို အိမ်ရှင်မများက ဂွေးသီးငါးပိချက်အဖြစ်ချက်ပြုတ်ပြီး တို့စရာအစုံဖြင့် စားသုံးကြသည်။ ဂွေးသီးတွင် သံဓာတ်ပါဝင်သောကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်သော သီးနှံတစ်မျိုးဖြစ်ပါသည်။

      ပြည်ဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ ဇွန်လဆန်းပိုင်းမှစ၍ ဂွေးသီးများ လှိုင်လှိုင်ပေါ်လျက်ရှိသည်။ ဇွန်လ၊ ဒုတိယအပတ်တွင် ဂွေးချဉ်သီးအလုံး (၁၀၀)လျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ် ဂွေးသီးပေါ်ချိန်တွင် အလုံး (၁၀၀)လျှင် (၈၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဂွေးသီးရောင်းချသူများထံမှသိရှိရပါသည်။ အမျှင်ဓာတ်ပါရှိပြီး ကျန်းမာရေးအတွက်လည်း ဆေးဖက်ဝင်သော သီးနှံတစ်မျိုးဖြစ်သောကြောင့် ဝယ်ယူစားသုံးသူများပြား၍ ဈေးကွက်အတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)