
ယခု၂၀၂၄ခုနှစ်၊ ဇွန်လလယ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်၊ ပင်းတယ၊ ကလော၊ ပင်လောင်း စသည့်နယ်များမှထွက်ရှိသော ဂေါ်ဖီထုပ်များဝင်ရောက်မှုနည်းပါးသွားပြီး တစ်ပတ်လျှင် (၄)ရက်ခြား တစ်ကြိမ်သာအဝင်ရှိကာ ပျမ်းမျှအထုပ်ရေ ၅၀၀ခန့်ဝင်ကြောင်းသိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဝင်ရောက်မှုရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး အဝင်နည်းသည့်အတွက် ဈေးနှုန်းမှာ ယခင်မေလနှင့်နှိုင်းယှဉ်လျှင် ကျပ်၁၀၀၀ခန့်ဈေးနှုန်းမြင့်တက်သွားကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် ဖြစ်ပေါ်ခဲ့သောဂေါ်ဖီထုပ်ဈေးနှုန်းမှာ တစ်ထုပ်လျှင် (၃၀၀၀-၃၅၀၀) ကျပ်နှုန်းရှိခဲ့ပြီး ယခုဇွန်လလယ်တွင် (၄၂၀၀-၄၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမှုရှိနေပါသည်။
ပြည်မြို့ပေါ်ရှိဈေးများတွင် စားသုံးသူလက်ဝယ်အရောက် လက်လီရောင်းချမှုရှိပြီး ဂေါ်ဖီထုပ်အစိပ်တစ်စိပ်လျှင် ကျပ် (၃၀၀-၅၀၀)စသည်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)