ပြည်ကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ်၊ ဇွန်လ ဒုတိယပတ်၌ဖြစ်ပေါ်နေသော ပဲမျိုးစုံဈေးနှုန်း

Powered by Drupal

      ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံနှင့် ဘိုကိတ်ပဲဈေးနှုန်းတို့မှာ မြင့်တက်လျက်ရှိပြီး ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးဈေးနှုန်းများမှာ ဈေးအေးလျက်ရှိကြောင်းသိရပါသည်။

     ပြည်ကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် မတ်ပဲဈေးနှုန်းမြင့်တက်လျက်ရှိပြီး ပဲတစ်တင်းကို ၁၁၁၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် ရန်ကုန်အဝယ် အိတ်(၂၅၀)ခန့်ရှိပါသည်။ ဇွန်လ ဒုတိယပတ်တွင် ပဲစင်းငုံဈေးနှုန်းမြင့်တက်နေပြီး ပဲတစ်တင်းကို ၁၄၆၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်အဝယ်ရှိပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ဇွန်လ ဒုတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၈၆၀၀၀-၈၇၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၁၀၀၀-၉၂၀၀၀-၉၂၅၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအဝယ် တစ်ရက်လျှင် အိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ ဇွန်လ ဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၉၂၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်တစ်ရက်လျှင် အိတ်၂၀၀ခန့်အဝယ်ရှိပါသည်။

        ၂၀၂၄ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် ပြည်ကုန်စည်ဒိုင်၌ ဘိုကိတ်ပဲတစ်တင်းကို ၈၁၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၁၀၀ခန့်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)