အထက်မင်းလှမြို့တွင် ဘုရားပန်းဈေးနှုန်းအနည်းငယ်မြင့်တက်လာ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ ပန်းထိမ်ငိုပန်း၊ သပြေပန်း၊ နှင်းဆီပန်း၊ ရေမွှေးပန်းနှင့် နှင်းပန်းများကို မြို့ပေါ်ရှိရပ်ကွက်များ၊ မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ညောင်ပင်သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်ကျေးရွာများနှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရပါသည်။

     ၂၀၂၄ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် ဇေယျာသီရိဈေးအတွင်းဖြစ်ပေါ်နေသော ဘုရားပန်းဈေးနှုန်းများမှာ ဂန္ဓာမာပန်း(၅)ပင်ပါ (၁)စည်းလျှင် ကျပ်(၂၅၀၀)၊ သပြေပန်း(၃)ခက်ပါ (၁)စည်းလျှင် ကျပ် (၅၀၀)၊ ပန်းထိမ်ငိုပန်း(၇)ပင်ပါ (၁)စည်းလျှင် ကျပ်(၅၀၀၀)၊ နှင်းပန်း(၃)ပင်ပါ (၁)စည်းလျှင် ကျပ်(၁၅၀၀)၊ နှင်းဆီပန်း(၁)ပွင့်လျှင် ကျပ်(၄၀၀)၊ ရေမွှေးပန်း(၃)စည်းလျှင် ကျပ်(၁၀၀၀)ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဂန္ဓာမာပန်း ကျပ်(၅၀၀)၊ သပြေပန်း ကျပ်(၂၀၀)၊ နှင်းဆီပန်း ကျပ်(၁၀၀) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ပန်းထိမ်ငိုပန်းမှာ ဇေယျာသီရိဈေးသို့ ဇွန်လ(ပထမပတ်)မှစတင်ဝင်ရောက်လာပြီး ၎င်းကို ပြင်ဦးလွင်မြို့မှ မှာယူရောင်းချရသည့်အတွက် ဈေးနှုန်းကောင်းလျက်ရှိကြောင်း၊ ယခုအချိန်ကာလသည် မင်းလှမြို့နယ်အတွင်း နှင်းပန်းတစ်မျိုးတည်းသာထွက်ရှိ၍ ကျန်ပန်းများကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချရသဖြင့် သယ်ယူစရိတ်မြင့်မားသောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)