မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ကျေးရွာ၏ ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ကျေးရွာသည် စပါး၊ နှမ်း၊ မြေပဲ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး စသည့်သီးနှံများအပြင် ဥယျာဉ်ခြံလုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြကြောင်းသိရပါသည်။

        ဥယျာဉ်ကျေးရွာတွင် ဥယျာဉ်ခြံလုပ်ငန်းအဖြစ် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းကို တောင်သူ (၇)ဦးမှာ စိုက်ဧက(၁၀)ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရပါသည်။ ၎င်းအနေဖြင့် (၀.၅)ဧက၌ ယခင်နှစ်၏ မဖြစ်ထွန်းသည့် အပင်များကိုပြန်လည်တူးဖော်ပြီး ဖီးကြမ်းငှက်ပျောပင်(၃၀)ပင်ကို တန်ခူးလတွင် အသစ်ပြန်လည်စတင်စိုက်ပျိုးပြီး (၁၀)ရက်လျှင် (၁)ကြိမ်ရေသွင်းကြောင်း၊  ငှက်ပျောပျိုးပင်(၁)ပင်လျှင် ကျပ်(၁၀၀၀)ဖြင့် ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာမှ ဝယ်ယူကြောင်း၊  စိုက်ပျိုးပြီး (၁)နှစ်နီးပါးအကြာတွင် ခုတ်ယူနိုင်ပြီး (၁)ခိုင်လျှင် ပျမ်းမျှအားဖြင့် (၉)ဖီးခန့်ပါဝင်တတ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် ပျိုးပင်ခ၊ မြေပြုပြင်ခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၅၀၀၀၀)ခန့်ကုန်ကျခဲ့ပြီး ယခုနှစ် အသစ်ပြန်လည်စိုက်ပျိုးရာတွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ်(၇၀၀၀၀)ခန့်ကုန်ကျကြောင်း၊ ဈေးနှုန်းမှာ ယခင်နှစ်တွင် ဖီးကြမ်းငှက်ပျော(၁)ဖီးလျှင် ကျပ်(၁၃၀၀)ဈေးနှုန်းရရှိခဲ့ပြီး ယခု၂၀၂၄ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် ကျပ်(၁၅၀၀)ဈေးနှုန်းဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် မင်းဘူးမြို့သို့တင်ပို့ရောင်းချပြီး ၎င်း၏ ငှက်ပျောခြံတွင်လည်း ရောင်းချကြောင်း ဥယျာဉ်ကျေးရွာနေ ငှက်ပျောစိုက်တောင်သူ ဦးသန်းအေးထံမှသိရှိရပါသည်။

DOCA(မကွေး)