အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနီ၊ ပဲကြီး၊ ကုလားပဲ၊ ဘိုကိတ်ပြာ၊ မြေပဲနှင့် ဝါသီးနှံတို့မှာ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ၂၀၂၄ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် မတ်ပဲ(၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၀၇၀၀၀)၊ အမြင့်ဈေး ကျပ်(၁၀၈၅၀၀)ဈေးနှုန်းဖြင့် (၃၀)ပိဿာဝင်အိတ်(၄၀၀)ကိုလည်းကောင်း၊ ပဲစင်းငုံနီမှာ (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၄၃၆၀၀)၊ အမြင့်ဈေး ကျပ်(၁၄၇၀၀၀)ဈေးနှုန်းဖြင့် (၃၀)ပိဿာဝင်အိတ်(၁၂၀၀)ကိုလည်းကောင်း၊ ပဲကြီး (၁)တင်းလျှင် အနိမ့်ဈေး ကျပ် (၈၆၀၀၀)၊ အမြင့်ဈေး ကျပ် (၉၇၀၀၀)ဈေးနှုန်းဖြင့် (၃၀)ပိဿာဝင်အိတ်(၂၀၀)ကိုလည်းကောင်း၊ ဘိုကိတ်ပြာ (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၇၅၀၀၀)၊ အမြင့်ဈေး ကျပ်(၇၈၀၀၀)ဈေးနှုန်းဖြင့် (၃၀)ပိဿာဝင်အိတ်(၁၂၀)ကိုလည်းကောင်း၊ ကုလားပဲ (HL) (၁)တင်းလျှင် အနိမ့်ဈေး ကျပ် (၈၅၀၀၀)၊ အမြင့်ဈေး ကျပ်(၈၈၀၀၀)ဈေးနှုန်းဖြင့် (၃၀)ပိဿာဝင်အိတ် (၃၅၀)ကိုလည်းကောင်း၊ ကုလားပဲ(မြကြေး) (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၈၈၀၀၀)၊ အမြင့်ဈေး ကျပ်(၉၂၀၀၀/-)ဈေးနှုန်းဖြင့် (၃၀)ပိဿာဝင်အိတ်(၂၀၀)ကိုလည်းကောင်း၊ မြေပဲလုံးဆန်(ဖြူ)(၁)ပိဿာလျှင် အနိမ့်ဈေး ကျပ်(၇၁၀၀)၊ အမြင့်ဈေး ကျပ်(၇၄၀၀) ဈေးနှုန်းဖြင့် (၃၀)ပိဿာဝင်အိတ်(၃၅၀) ကိုလည်းကောင်း၊ မြေပဲလုံးဆန်(နီ)(၁)ပိဿာလျှင် အနိမ့်ဈေး ကျပ်(၆၈၀၀)၊ အမြင့်ဈေး ကျပ်(၇၄၀၀) ဈေးနှုန်းဖြင့် (၃၀) ပိဿာဝင်အိတ်(၁၆၀)ကိုလည်းကောင်း အသီးသီးအရောင်းအဝယ်ရှိခဲ့ပါသည်။

      ယခုအပတ်တွင် ပဲမျိုးစုံသီးနှံများမှာ မတ်ပဲ၊ ပဲစင်းငုံနီ၊ ဘိုကိတ်ပြာ၊ ပဲကြီး ကုလားပဲ(မြကြေး)၊ ကုလားပဲ (HL) တို့မှာ (၁)တင်းလျှင် ကျပ်(၁၀၀၀-၂၀၀၀-၃၀၀၀)အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပါ သည်။

       နှမ်းနက်(စမုံ)မှာ ဇွန်လ(ဒုတိယပတ်)တွင် (၄၅)ပိဿာဝင် (၁)အိတ်လျှင် အနိမ့်ဈေး ကျပ် (၃၇၅၀၀၀)၊ အမြင့်ဈေး ကျပ်(၃၈၀၀၀၀)ဈေးနှုန်းများဖြစ်ခဲ့ပြီး အိတ်(၆၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း၊ နှမ်းသီးနှံနှင့် မတ်ပဲ၊ ကုလားပဲ(မြကြေး)ကို ရန်ကုန်မြို့သို့လည်းကောင်း တင်ပို့ရောင်းချခြင်းဖြစ်ပြီး ပဲကြီး၊ ကုလားပဲ(HL)၊ မြေပဲလုံးဆန်(ဖြူ)၊ မြေပဲလုံးဆန်(နီ)တို့ကို အောင်လံနှင့် ပြည်မြို့နယ်အတွင်းရှိ ပဲကြော်လုပ်ငန်းရှင်များသို့ တင်ပို့ရောင်းချရခြင်းဖြစ်ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

       ဝါသီးနှံမှာ ယခုအပတ်တွင် (၁)ပိဿာလျှင် ကျပ်(၂၉၀၀မှ ၃၀၀၀)ဈေးနှုန်းရှိပြီး ဇွန်လ (ပထမပတ်)ထက် (၁)ပိဿာလျှင် ကျပ်(၂၀၀မှ ၃၀၀) ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဝါပိဿာချိန်(၆၀၀၀)ပိဿာခန့် မန္တလေးမြို့သို့တင်ပို့ရောင်းချကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)