ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ် စုံစမ်းလျက်ရှိပါသည်။

     ဇွန်လ (၁၁) ရက်မှ ဇွန်လ (၁၇) ရက်နေ့အထိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြင်းခြံ(ကံဆင့်)၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၆၉၆၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၇၈၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၇၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၂၅၀ ၊ အကြီးမှာ ကျပ် ၂၂၅၀၊ ရှယ်မှာ ကျပ် ၂၉၅၀၊  မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၇၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၂၅၀ ၊ အကြီးမှာ ကျပ် ၂၂၅၀၊ ရှယ်မှာ ကျပ် ၂၃၅၀၊ မြင်းခြံ(ကံဆင့်) ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၉၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၄၀၀ ၊ အကြီးမှာ ကျပ် ၂၄၀၀၊ ရှယ်မှာ ကျပ် ၂၄၀၀ ၊ ရွှေဘို ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၇၅၀ ၊ အကြီးမှာ ကျပ် ၂၇၅၀၊ ရှယ်မှာ ကျပ် ၂၇၅၀  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)