ကုန်ကျစ်/ ကုန်ပွဈေးနှုန်း

Powered by Drupal

    မန္တလေးမှလားရှိုးသို့ လက်ရှိကုန်စည်သယ်ယူပို့ဆောင်လျက်ရှိသော လမ်းကြောင်းများမှာ မန္တလေး -သာစည်-ကလော-အောင်ပန်း-ရပ်စောက်-ကျောက်ဂူ-နမ့်လန်- ကုန်းမုံ - မိုင်းရယ်-လားရှိုး လမ်းကြောင်း၊ မန္တလေး- ပြင်ဦးလွင်- နောင်ချို- ကျောက်ဂူ- နမ့်လန်- ကုန်းမုံ- မိုင်းရယ်- လားရှိုးလမ်းကြောင်းတို့ဖြစ်ပြီး ကုန်စည် သယ်ယူစရိတ်မှာ ကုန်ကျစ် တစ်ပိဿာလျှင် (၄၀၀) ကျပ်နှင့် ကုန်ပွ တစ်ပိဿာ လျှင် (၄၅၀) ကျပ်နှုန်းဖြစ်ကြောင်း သိရသည်။

  ယခင်ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း တိုက်ပွဲများမဖြစ်ပွားခင်ကာလ (၂၀၂၃ခုနှစ်၊ အောက်တိုဘာလ)တွင် ပြည်ထောင်စုလမ်းမကြီးအတိုင်း ကုန်စည်များသယ်ယူပို့ဆောင်ရာ မန္တလေး - လားရှိုး ကုန်စည်သယ်ယူစရိတ်အနေဖြင့် ကုန်ကျစ်တစ်ပိဿာလျှင် (၇၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာလျှင် (၁၂၀) ကျပ်နှုန်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် လမ်းတံတားများ ပျက်စီးပြီးနောက်ပိုင်းတွင် ကုန်ကျစ်/ ကုန်ပွ တစ်ပိဿာလျှင် (၃၃၀) ကျပ်ခန့် ဈေးမြင့်တက်ခဲ့ကြောင်းနှင့် သယ်ယူစရိတ်မြင့်မားလာမှုကြောင့် အခြေခံစားသောက်ကုန်များလည်း ဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။

     နယ်မြေအေးချမ်းပြီး မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်း/ တံတားများ ပြန်လည်ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဆိုပါက သယ်ယူစရိတ်ကျဆင်းပြီး ကုန်ဈေးနှုန်းများလည်း ပြန်လည်ကျဆင်းလာနိုင်မည်ဖြစ်ပါကြောင်း ဒေသခံပြည်သူများထံမှ သိရှိခဲ့ရပါသည်။

DOCA(ရှမ်း)