![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/208_1.jpg?itok=cv2U196h)
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် မွန်ရိုးရာလက်ရက်ကန်းများသင်ကြားပေးလျက်ရှိသည်။
တိုင်းရင်းသားဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်စေရန်၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းသူများအနေဖြင့် မိမိဒေသသို့ ပြန်လည်ရောက်ရှိပါက တတ်မြောက်ကျွမ်းကျင်ထားသည့် ပညာရပ်များကိုအသုံးချကာ တစ်နိုင်တစ်ပိုင်အသက်မွေးဝမ်းကျောင်းပြုနိုင်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်ကပြောကြားခဲ့သည်။
အဆိုပါသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်၊ လက်ရက်ကန်း၊ ကြိမ်/ ဝါး လက်မှုပညာရပ်များအပြင် ဟင်းလျာသင်တန်းများကို နှစ်စဥ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၎င်းသင်တန်းသို့ သင်တန်းသူ (၃၀) ဦးတတ်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မွန်)