“ ရာသီစာ အင်ဥ ”

Powered by Drupal

    ယခုကဲ့သို့မိုးဦးကာလတွင် ရာသီစာဖြစ်သောအင်ဥလေးများစတင်ပေါ်ထွက်နေပြီဖြစ်ပြီး အင်ဥသည်အင်ပင်များ၏အောက်တွင် အင်ပင်အမြစ်နှင့်ဆက်စပ်နေသောမှိုတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မိုးဦးကျကာလတွင် မိုးလေးကျလိုက်နေရောင်လေးကျလိုက်ဖြစ်ရာမှ အင်ရွက်တွေမြေဆွေး တွေကနေဖြစ်ပေါ်လာသော သဘာဝမြေအောင်းမှိုတစ်မျိုးဖြစ်ပါသည်။ အင်ဥသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအချို့၌ပေါက်ရောက်ကြသည်။ မြန်မာနိုင်ငံတွင် ပဲခူး ရိုးမတကြော အင်တိုင်းမြေများတွင် မိုးဦးကာလ မေနှင့်ဇွန်လများတွင် အင်ဥများကိုပေါများစွာတွေ့ ရကြောင်း သိရပါသည်။

   အင်ဥတူးသူများမှ မြေကြီးထဲရှိ အင်ဥများကိုဝါးပြားနှင့်ကလော်ယူကြပြီး ရရှိလာသော အင်ဥများကိုစုဆောင်း၍ နှစ်နာရီခန့်ကြာအောင် ရေစိမ်ထားပြီးမှ ဆေးကြောလျှင် ပိုမိုလွယ်ကူ ကြောင်းနှင့် တူး၍ရရှိလာသော အင်ဥကို နေ့မကူးခင်ချက်ပြုတ်စားသုံးရပြီး နေ့ကူးသွားပါက ရင့်သွား၍ စားမကောင်းကြောင်းသိရှိရပါသည်။ အင်ဥကို သူ့အတိုင်း ငရုတ်သီးစိမ်း၊ ကြက်သွန်နီတို့နဲ့ ခပ်စပ်စပ်လေး ကြော်စားလို့ရသလို့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပုရာသီးတို့နဲ့ သုပ်စားတာ၊ ကန်စွန်းရွက်နဲ့ ကြော်စားခြင်းနှင့် ဟင်းရည်ချက်သောက်တာမျိုးလည်း စားလေ့ရှိကြောင်း သိရှိရပါသည်။

    အင်ဥစားသုံးခြင်းကြောင့် ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရရှိစေပြီး စားသုံးသူ ပေါများလာသည့်အတွက် စားသောက်ဆိုင်များမှဝယ်ယူမှုများပြားလာခြင်းကြောင့် ဈေးကွက်အတွင်း အရောင်းဝယ်ဖြစ်နေကြောင်းနှင့် မိုးဦပေါ်စတွင် အင်ဥနို့ဆီဗူးတစ်ဗူးလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်အထိ ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)