ပေါ်ဦးပေါ်ဖျားပြည်မြို့၏ ဗုံလုံသီးဈေးကွက်

Powered by Drupal

           ၂၀၂၄ခုနှစ် ဇွန်လတတိယပတ်တွင် ပြည်မြို့၏ကုန်စိမ်းဈေးကွက်တွင် ဗုံလုံသီးများ စတင်၍ ရောင်းချလျက်ရှိပါသည်။ ပြည်မြို့အနီးတဝိုက်ဖြစ်သော မှော်ဇာရွာ၊ တောင်ခွေးရဲရွာနှင့် အင်းမ၊ ဝက်ပုတ်၊ ပုတီးကုန်းဒေသမှ နှစ်စဉ်စိုက်ပျိုးထွက်ရှိပြီး ရန်ကုန်သို့ အဓိကထား တင်ပို့ရောင်းချကြပါ သည်။ ကား၊ ရထားတို့ဖြင့်လည်း တင်ပို့ရောင်းချကြ၍ အသေး၊ အကြီးရောကာ အတောင့် (၅၀) အစီး (၁၅)စီးခန့် နေ့စဉ်တင်ပို့ရောင်းချကြောင်း သိရပါသည်။ ဈေးကွက်အတွင်း ရောင်းချသော ဗုံလုံသီးဈေးများမှာ အကြီး၊ အချောတစ်တောင့်လျှင် ၁၀၀၀ကျပ်၊ အလတ် တစ်တောင့်လျှင် ၈၀၀ကျပ်ဈေး၊ အသေးတစ်တောင့်လျှင် ၆၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။

DOCA(ပဲခူး)