သာယာဝတီခရိုင်အတွင်း မြို့နယ်များတွင် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းများဖြင့်ရောင်းချခြင်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့များ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစား သောက်ကုန်များကို ပြည်သူများအား ၂၀၂၃နှစ် ဇွန်လမှစတင်၍ ယခုနှစ်၂၀၂၄ခုနှစ် ဇွန်လထိ နေ့စဉ် ရောင်းချလျက်ရှိပါသည်။

          အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါး၊ ကြက်ဥနှင့်ဟင်းသီးဟင်းသီးရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများကို နေ့စဉ်နံနက် (၇:၀၀) နာရီမှစတင်၍ ရောင်းချပေးလျက်ရှိပါသည်။စားသုံးသူပြည်သူများအား ဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ကြက်သား(စီပီ) အကောင်လိုက်တစ်ပိဿာလျှင် ၈၀၀၀-၉၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၁၄၀၀၀ ကျပ်၊  အမဲသား တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ ၅၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၂၅၀ ကျပ်၊ ဘဲဥတစ်လုံး ၃၅၀ ကျပ်ဖြင့် အသီးသီးရောင်းချပေးလျက်ရှိပါကြောင်း သိရှိရပါသည်။ စားသုံးဆီများကိုလည်း မြို့နယ်များအလိုက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

DOCA(ပဲခူး)