လက်ပံတန်းမြို့ ဂျင်းနှင့်ကြက်သွန်ဖြူ၊ ကြက်သွန်နီဈေးကွက်အခြေအနေ

Powered by Drupal

          ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့စည်ပင်သာယာဈေးတွင် ဂျင်း  ဈေးနှုန်းများမှာ ၂၀၂၄ခုနှစ် မေလတတိယပတ်မှ နောက်ဆုံးပတ်အတွင်း ဂျင်း ၁၀ကျပ်သားလျှင် ၁၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ယခုဇွန်လတတိယ ပတ်တွင်လည်း ဂျင်းဈေးနှုန်းမှာ အတက်အကျမရှိ ဖြစ်နေပါသည်။

            ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ၂၀၂၄ခုနှစ် မေလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ကျပ်သားလျှင် ၁၆၀၀ကျပ်၊ ဇွန်လတတိယပတ်တွင် ဈေးနှုန်းအပြောင်းအလဲမရှိပဲ ဈေးငြိမ်နေပါသည်။

             ၂၀၂၄ခုနှစ် မေလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ)ဈေးနှုန်းအနေဖြင့်  ၁၀ကျပ်သား လျှင် ၁၂၀၀ကျပ်ပေါက်ဈေးရှိနေပြီး ယခုဇွန်လတတိယပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) ၁၀ကျပ်သား လျှင် ၁၄၀၀ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥ ဈေးကွက်ရှိနေပြီး ၁၀ကျပ်သားလျှင် ၂၀၀၀ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)