ကန့်ဘလူမြို့ဈေးကွက်အတွင်းသို့ စတင်ရောက်ရှိလာသော နှင်းပန်းဈေးနှုန်း ဈေးကွက်အခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ကြရာတွင် နှင်းဆီပန်းအရောင်းမျိုးစုံ၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ အောင်သပြေပန်း၊ အာစီယံသပြေပန်း၊ သစ္စာပန်း၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ဂမုန်းပန်း စသည်တို့ကိုလည်း ရောင်းချပါကြောင်း၊ နှင်းပန်းသည် ဘူရားပန်းကပ်လှူရန်အတွက်သာ အသုံးပြုကြပြီး  နှင်းပန်း၏ ရနံ့ သည်မွှေးကြိုင်နေသော အဆင်းအနံ့ရှိသည့်အတွက် လူအများကကြိုက်နှစ်သက်ကြပြီး ရောင်းကောင်း သည့် ပန်းတစ်မျိုးလည်းဖြစ်ပါကြောင်း၊ နှင်းပန်းများကို ရွှေဘိုမြို့၊ မန္တလေးမြို့တို့မှ မှာယူ၍ ရောင်းချရပါကြောင်း၊ ကန့်ဘလူမြို့မဈေးအတွင်း ပန်းမျိုးစုံရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

       နှင်းပန်းများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ (၅)ခက်တစ်စည်း စည်း၍ အစည်း(၁၀၀)ပါ၊ တစ်ထုံးလျှင် (၃၅၀၀၀)ကျပ် တစ်စည်းလျှင်(၃၅၀)ကျပ်တို့ဖြင့် ဖောက်သည်ဝယ်ယူရပြီး ယခု ၂၀၂၄ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်း(၅)ခက်ပါ၊ တစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မ စည်ပင်သာယာဈေး ပန်းမျိုးစုံ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)