![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၈၆_3.jpg?itok=hHe1ydUP)
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဝန်ရအုပ်စုရှိ ကံကုန်းကျေးရွာတွင် မိုးနှမ်းကို ကြဲပက်စနစ်ဖြင့် တန်ခူးလတွင် တောင်သူ(၇၀)ဦးသည် စိုက်ဧက(၁၅၀)ဧကစိုက်ပျိုးထားရာ ဝါဆိုလတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်းသိရပါသည်။
နှမ်းနက်စမုံမျိုးကို အများဆုံးစိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၅)ပြည်ခန့်ကုန်ကျကြောင်း၊ ၎င်းအနေဖြင့် နှမ်းနက်စမုန်မျိုး(၅)ဧကခန့်စိုက်ပျိုးထားကြောင်း၊ မျိုးကို(၁)ပြည်လျှင် ကျပ်(၁၁၀၀၀)ဖြင့် စလင်းမြို့မှဝယ်ယူကြောင်း၊ ယခင်နှစ်တွင် (၁)ဧကလျှင် ကျပ်(၂၅၀၀၀၀) သာကုန်ကျသော်လည်း ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ မြေပြုပြင်ခ၊ လုပ်အားခနှင့် မျိုးဖိုးအပါအဝင် စုစုပေါင်း ကျပ်(၃၀၀၀၀၀)ခန့်ကုန်ကါကြောင်း၊ ယခင်နှစ်တွင် (၁) ဧကလျှင် (၁၀)တင်းမှ(၂၀)တင်းထိထွက်ရှိပြီး ဈေးနှုန်းမှာ (၁)တင်းလျှင် ကျပ်(၁၄၀၀၀၀)ထိရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း ကံကုန်းကျေးရွာနေ မိုးနှမ်းစိုက်တောင်သူ ဦးမြင့်စိုးထံမှသိရှိရပါသည်။
DOCA(မကွေး)