ပခုက္ကူမြို့ပေါ်တွင် ရာသီပေါ်ဒညင်းသီးများ အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရာသီပေါ်ဒညင်းသီးများ ရောင်းအားကောင်းလျက်ရှိပါသည်။ ဒညင်းသီးများကို ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်၊ တာလေမြို့များ၊ အချို့နယ်များနှင့် မွန်ပြည်နယ်တို့တွင် ဒညင်းပင်များစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ယခုအချိန်တွင် ရာသီပေါ်ဒညင်းသီးများ ပခုက္ကူမြို့ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဒညင်းသီးကို  ပြုတ်၍သော်လည်းကောင်း၊ ဒညင်းဝက်ပြုလုပ်၍သော်လည်းကောင်း၊ ဒညင်းသီးကို အုန်းနို့စမ်း၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်၍စားသုံးကြပါသည်။ ဒညင်းသီးများမှာ အလုံးအရွယ်အစားကိုလိုက်၍ ဈေးနှုန်းအမျိုးအမျိုးရှိပါသည်။

      ဒညင်းသီးအလုံးအကြီးတစ်လုံးလျှင် ကျပ်(၂၅၀)ရှိပြီး (၁၀)လုံးလျှင် ကျပ်(၂၃၀၀)၊ အလတ်တစ်လုံးလျှင် ကျပ်(၂၀၀) ရှိပြီး (၁၀)လုံးလျှင် ကျပ်(၁၈၀၀)၊ အသေးတစ်လုံးလျှင် ကျပ်(၁၅၀) ရှိပြီး (၁၀) လုံးလျှင် ကျပ်(၁၃၀၀) ဖြင့်ရောင်းချနေပြီး နေ့စဉ် အလုံးရေ (၂၀၀၀မှ ၁၀၀၀၀) ထိဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ဒညင်းသီးအလုံးကြီးမှာ စေးပြီး စား၍အလွန်ကောင်းသောကြောင့် ဈေးနှုန်းမှာလည်း မြင့်လျက်ရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)