ပြည်နယ်ဦးစီးမှူးမှ သဘာဝကျောက်မှုန့်မြေဩဇာလုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

    ၂၀.၆.၂၀၂၄ ရက်နေ့  နေလယ်(၁၄;၃၀) နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ “လနတ်သား” သဘာဝကျောက်မှုန့် မြေဩဇာလုပ်ငန်းငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

  ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက ကုန်ကြမ်းဝယ်ယူစုဆောင်းမှုအခြေအနေ၊ တစ်နေ့ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုအခြေအနေ၊ အခက်အခဲများအားဆွေးနွေးရာ လုပ်ငန်းရှင်မှ ကုန်ကြမ်းဖြစ်သောဂေါ်ဒန်ကျောက်များကို ကရင်ပြည်နယ် ဇန်နဝါရီလမှ ဧပြီလအတွင်း တစ်နှစ်စာဝယ်ယူစုဆောင်းရကြောင်း၊ ဂေါ်ဒန်ကျောက်များမှာ တစ်တန်လျှင်(၅၀၀၀၀)ကျပ်မှ (၆၀၀၀၀)သောင်းကျပ်ထိ ဝယ်ယူစုဆောင်းရကြောင်း၊ တစ်နှစ်လုံးကြိတ်ခွဲရန်အတွက် တန်ချိန် (၁၇၀၀၀) ကျော်ဝယ်ယူစုဆောင်းကြောင်း၊ ထုတ်လုပ် မှု ကုန်ကျစရိတ်မှာ တစ်တန်လျှင် (၂) သောင်းကျပ်ခန့် ကုန်ကျကြောင်း၊ တစ်နေ့လျှင် (၂၅) တန်ခန့် ကြိတ်ခွဲနိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်တန်လျှင် (၁၂၀၀၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း၊ ဈေးကွက် အနေဖြင့် ကျိုက်ထိုမြို့နယ်အပြင် ရန်ကုန်မြို့သို့ တင်ပို့ရကြောင်း၊ အခက်အခဲအနေဖြင့် လုပ်သားအင်အား အခက်အခဲရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။