ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များတွင်လည်းကောင်း၊ နေအိမ်ခြံဝင်းများတွင်လည်းကောင်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

     ၂၀၂၄ ခုနှစ် ၊ ဇွန်လ တတိယပတ်အတွင်းဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ကွမ်းဈေးနှုန်းမှာ ကွမ်းရွက်ရှယ်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ကွမ်းရွက်အလတ်တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ကွမ်းရွက်အသေးတစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ကွမ်းရွက်များကို ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့တို့ကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကွမ်းဝင်ရောက်မှုအပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ကွမ်းရောင်းဝယ်ရေးလုပ်ငန်း ရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)