ဇွန်လ နောက်ဆုံးပတ်၌ ဈေးနှုန်းမြင့်တက်လာသော မွန်ပြည်နယ်၏ ပဲမျိုးစုံ

Powered by Drupal

      မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေသည် ၂၀၂၄ခုနှစ်၊ လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအရ ဈေးနှုန်းအနိမ့်အမြင့် (အတက်အကျ) ဖြစ်ပေါ်ခဲ့သည်။ ယခုလ ဇွန်လနောက်ဆုံးပတ်၌ ပဲမျိုးစုံဈေးနှုန်းမြင့်တက်လာကြောင်း တွေ့ရသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလမှ ဇွန်လထိ (၆လ) အတွင်း ပဲဈေးနှုန်းပြောင်းလဲမှု

တစ်တင်းဈေးနှုန်း (ကျပ်)

စဉ်

ပဲမျိုးစုံ

ဇန်နဝါရီလ

ဖေဖော်ဝါရီလ

မတ်လ

ဧပြီလ

မေလ

ဇွန်လ 

ပဲတီစိမ်း(ရွှေဝါ)

၇၂၀၀၀

၈၅၀၀၀

၇၅၀၀၀

၆၃၀၀၀

၇၀၀၀၀

၈၂၀၀၀

ပဲတီစိမ်း

၆၀၀၀၀

၆၇၀၀၀

၅၈၀၀၀

၅၇၀၀၀

၆၁၀၀၀

၇၆၀၀၀

မတ်ပဲ

၁၀၁၂၀၀

၁၁၁၅၀၀

၉၃၅၀၀

၉၆၅၀၀

၁၀၀၀၀၀

၁၁၀၅၀၀

ပဲလွမ်းဖြူ

၆၇၀၀၀

၇၂၀၀၀

၆၃၀၀၀

၆၃၀၀၀

၆၃၀၀၀

၆၈၀၀၀

ဗိုလ်ကိတ်ပဲ

၇၂၀၀၀

၇၅၀၀၀

၇၀၀၀၀

၇၀၀၀၀

၇၀၀၀၀

၇၂၀၀၀

ပဲပုပ်

၆၁၀၀၀

၆၁၄၀၀

၆၀၀၀၀

၆၀၀၀၀

၆၀၀၀၀

၈၄၀၀၀

မြေပဲ

၁၅၈၅၀၀

၁၆၂၀၀၀

၁၆၀၀၀၀

၁၅၂၀၀၀

၁၅၀၀၀၀

၁၄၄၀၀၀

 

       ထို့ပြင် မွန်ပြည်နယ်အတွင်း ပဲစိုက်ဧကနှင့်အထွက်နှုန်းသည် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပဲစိုက်ပျိုးဧက ၇၄၃၃၀ဧက၊ ရိတ်သိမ်းဧက ၇၄၃၃၀ဧက၊ အထွက် ၁၁၉၀၄၃၈တင်းထွက်ရှိသည်။ ယခင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပဲစိုက်ပျိုးဧက ၆၇၃၄၆ဧက၊ ရိတ်သိမ်းဧက ၆၇၃၄၆ဧက၊ အထွက် ၁၀၅၅၈၀၂တင်းထွက်ရှိခဲ့သဖြင့် ယခင်နှစ်ထက် ပဲစိုက်ပျိုးမြေဧက ၉၆၈၄ဧကပိုမိုစိုက်ပျိုး၍ အထွက်နှုန်း ၁၃၄၆၃၆တင်းပိုမိုထွက်ရှိသည်။

      မွန်ပြည်နယ်တွင် ပဲမျိုးစုံများအနက် မြေပဲ၊ ပဲတီစိမ်း၊  မတ်ပဲ၊ ပဲလွမ်း၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်ပဲ စသည့်ပဲမျိုးတို့ကို အများဆုံးစိုက်ပျိုးကြသည်။ မွန်ပြည်နယ်ဒေသထွက်ပဲမျိုးစုံကို  စိုက်ပျိုးသူ တောင်သူများအကျိုးအမြတ်ရရှိခြင်း၊  ကုန်သည်များအနေဖြင့် အရောင်းအဝယ်ကောင်းခြင်း၊ ပဲဈေးနှုန်းဈေးကွက်ခိုင်မာမှုရှိခြင်း၊ လူမျိုးဘာသာမရွေးစားသုံးကြခြင်း၊  စားသုံသူများအတွက် ဈေးကွက်၌ ပြတ်လပ်မှုမရှိ ဝယ်ယူစားသုံးမှုရရှိခြင်း၊ ပဲစားသုံးခြင်းဖြင့် အာဟာရဓာတ်အပြည့်အဝလည်းရရှိသည်။ ၎င်းပဲမျိုးစုံများကို ဒေသအတွင်း စားသုံးဖူလုံမှုအပြင် ပိုလျှံသည့်ပဲများကို  အခြားမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)