မကွေးခရိုင်အတွင်း ဆီထွက်သီးနှံ(နှမ်း)အား တိုးချဲ့စိုက်ပျိုး

Powered by Drupal

          မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ရအောင် ဆီထွက် သီးနှံ (နှမ်း၊ မြေပဲ၊ နေကြာ) တို့အား အဓိကစိုက်ပျိုးလျက်ရှိရာ မကွေးခရိုင်အတွင်းရှိ (မကွေး/ တောင်တွင်းကြီး/ နတ်မောက်နှင့် မြို့သစ်) မြို့နယ်များတွင် ဆီထွက်သီးနှံ (နှမ်းမျိုးစုံ)အား ဒေသ တွင်း စားသုံးဆီဖူလုံစေရေးတိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။

          ၂၀၂၂-၂၀၂၃ခုနှစ်တွင် နှမ်းပေါင်း (၅၃၈၉၄၃)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး အမှန်စိုက်ပျိုးမှု (၅၅၀၆၀၂)ဧကရှိ၍ (၁၁၆၅၉)ဧက ပိုမိုစိုက်ပျိုးခဲ့ပြီး အဓိကစိုက်ပျိုးသည့် မိုးနှမ်းမှာ တစ်ဧကလျှင် (၇.၂၇)တင်း ထွက်ရှိခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နှမ်းပေါင်း (၅၃၈၀၆၀)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး အမှန်စိုက်ပျိုးမှု (၅၆၇၈၆၁)ဧကရှိ၍ လျာထားချက်ထက် (၂၉၈၀၁)ဧက ပိုမိုစိုက်ပျိုး နိုင်ခဲ့ပြီး မိုးနှမ်းတစ်ဧကလျှင် (၉.၃၅)တင်းထွက်ရှိခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ခုနှစ်ကလည်း မိုးနှမ်း စိုက်ပျိုးချိန်တွင် မိုးရရှိမှုကောင်းမွန်မှုကြောင့် အထွက်နှုန်းတိုးတက်လာကြောင်းနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင်လည်း နှမ်းပေါင်း (၅၆၅၈၀၄)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး မိုးနှမ်းစိုက်ပျိုးပြီးစီးမှု (၄၉၆၂၂၁)ဧကရှိပြီး ဖြစ်ကြောင်းနှင့် မကွေးခရိုင်အတွင်း ၂၀၂၄-ခုနှစ်၊ မေလ (၂၅)ရက်‌နေ့မှစတင်၍ မုန်တိုင်းအရှိန်ကြောင့် မိုးဦးရွာသွန်းမှု၊ ဇွန်လ (ပထမပတ်၊ ဒုတိယပတ်)အတွင်း မိုးရွာသွန်းမှုများကြောင့် အထွက်နှုန်းများလည်း ယခင်နှစ်များ ထက် တိုးတက်လာနိုင်ကြောင်း နှမ်းသီးနှံ အဓိက တိုးချဲ့ စိုက်ပျိုးလျက်ရှိသည့် မြို့သစ်မြို့နယ် အနောက်ကုန်းရွာ ဝါးကြီးအိုင်၊ လေးတိုင်စင်၊ ရုန်းတော၊ အောင်မြင်သာကျေးရွာ တို့ဖြစ်ကြပြီး စိုက်ပျိုးသည့် နှမ်းသီးနှံမျိုးများမှာ ဆင်းရတနာ (၃/၄/၅/၈/၉နှင့် ၁၂)တို့ဖြစ်ကြောင်းနှင့် နှမ်းသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်  သက်သာခြင်း၊ တောင်သူ များ အလွယ်တကူစိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတုကောင်းမွန်ခြင်း၊ အကျိုးအမြတ်ရရှိမှုတို့ကြောင့် နှမ်းစိုက်ပျိုးသူတောင်သူများမှ တစ်နှစ်ထက်တစ်နှစ် လျာထားသည့် ဧကများထက် ပိုမို စိုက်ပျိုးလာကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)