ပေါက်ခေါင်းမြို့တွင် သရက်ချဉ်လုပ်ငန်းစတင်လုပ်ကိုင်

Powered by Drupal

      ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ၊ ဦးအေးကျော် (အောင်ဆုရည်) မျှစ်လုပ်ငန်းအနေဖြင့် ယခုနှစ်တွင် သရက်ချဉ်လုပ်ငန်းများ စမ်းသပ်လုပ်ကိုင်နေသည်ဟုသိရှိရပါသဖြင့် သရက်ချဉ်ပြုလုပ်ပုံအဆင့်ဆင့်အားသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ရာ သရက်ချဉ်ပြုလုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် သရက်သီးကို ပေါက်ခေါင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တစ်ပိဿာလျှင် (၃၀၀၀-၄၀၀၀) ကျပ်အထိဈေးပေး၍ ဝယ်ယူရကြောင်းသိရပါသည်။ ထို့နောက် ဝယ်ယူပြီးရရှိလာသော သရက်သီးများကို ရေစင်အောင်ဆေး၍ ခြစ်ဖြင့် အမျှင်အချောင်းလေးများရရှိအောင်ခြစ်ရပါသည်။ ထိုသို့ ခြစ်ပြီးသားအမျှင်ချောင်းလေးများကို ဆားရေစိမ်ပြီးနောက် ရေဆေး၍ ဆားဖြင့်နယ်ကာ ပီနန်အိတ်တွင်ထည့်နှပ်ထားရပါသည်။ နှပ်ပြီးသားသရက်သီးခြစ်ပြီးသားများကို (၃)ခန့်အကြာတွင် အတုံးလေးများတုံး၍ ရောင်းချရသောအဆင့်သို့ရောက်ရှိပါသည်။ ရရှိလာသော သရက်ချဉ်အတုံးလေးများအား ပါကင်ပိတ်စက်ဝယ်ယူ၍ စနစ်တကျထုပ်ပိုးရန်ရည်ရွယ်ထားကြောင်းနှင့် ဈေးကွက်အနေဖြင့် ရန်ကုန်သို့ တင်ပို့ရောင်းချရန်ရည်ရွယ်ထားကြောင်းသိရှိရပါသည်။

      သရက်ချဉ်လုပ်ငန်းအား စနစ်တကျထုပ်ပိုး၍ တင်ပို့ရောင်းချနိုင်မည်ဆိုပါက လုပ်ငန်းများတိုးတက်အောင်မြင်ပြီး အကျိုးအမြတ်များလည်းရရှိနိုင်မည်ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)