ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးဈေးနှုန်းများမြင့်တက်လာ

Powered by Drupal

      ပြည်ဈေးကွက်တွင် ရှမ်းပြည်နယ်ဘက်မှဝင်ရောက်လာသော ခရမ်းချဉ်သီးများနှင့် ဒေသထွက်ခရမ်းချဉ်သီးများ ဈေးကောင်းရလျက်ရှိပါသည်။ ပြည်ခရိုင်တွင် ခရမ်းချဉ်သီးဒေသမျိုးကို ပြည်မြို့နှင့် ရွှေတောင်မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးကို အများဆုံးစိုက်ပျိုးသည့်အချိန်မှာ မိုးရာသီတွင်စိုက်ပျိုးကြပြီး ဆောင်းဦးပေါက်ရာသီတွင် ထွက်ရှိပါသည်။ ယခုကဲ့သို့သောအချိန်ဖြစ်သည့် ဇွန်လ နောက်ဆုံးပတ်တွင် ခရမ်းချဉ်သီးများစိုက်ပျိုးနေချိန်ဖြစ်၍ ခရမ်းချဉ်သီးအထွက်မရှိသေးသော်လည်း ရှမ်းပြည်နယ်ဘက်မှဝင်ရောက်လာသော ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဒေသမျိုးမှာ ယခုအချိန်တွင် ရေသွင်း၍စိုက်ပျိုးရသဖြင့် အလုံးအရွယ်အစားမှာ ဆောင်းရာသီတွင်ထွက်ရှိသော ခရမ်းချဉ်သီးလောက်မကြီးဘဲ အလုံးအရွယ်မှာ သေးငယ်ပါသည်။ ဈေးနှုန်းအနေဖြင့် ဇွန်လ နောက်ဆုံးပတ်တွင် ပြည်မြို့ရှိဈေးကွက်များတွင်ရောင်းချသော ခရမ်းချဉ်သီးမှာ (ရှမ်းသီး)တစ်ပိဿာလျှင် (၄၀၀၀-၅၀၀၀) ကျပ်၊ ဒေသမျိုးတစ်ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ယခင်နှစ်က ခရမ်းချဉ်သီးပေါ်ချိန်တွင် ဒေသမျိုးတစ်ပိဿာလျှင် (၂၄၀၀-၃၀၀၀) ကျပ်၊ (ရှမ်းသီး)တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့်ရောင်းချခဲ့သဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ယခုနှစ်၌ ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ဒေသမျိုးတစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ရှမ်းသီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။

       ထိုသို့ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ သယ်ယူစရိတ်များကြီးမြင့်ခြင်း၊ နွေရာသီတွင် ရာသီဥတုပူပြင်း၍ အသီးအနှံများထွက်ရှိမှုနည်းသွား၍ ယခုကဲ့သို့ ဈေးနှုန်းများမြင့်တက်လာခြင်း ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)