မိုးညိုမြို့နယ်ရှိ ဆန်စပါးဈေးနှုန်းအခြေအနေ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ဇွန်လ တတိယပတ်၌ ဆင်းသုခစပါး တင်း၁၀၀လျှင် ၂၁၀၀၀၀၀ကျပ်ရှိပြီး ကရင်မ စပါးတင်း၁၀၀လျှင် ၂၂၀၀၀၀၀ကျပ် ဈေးပေါက်လျက်ရှိပြီး ဆန်စက်များအနေဖြင့် ကြိတ်ခွဲရရှိပါသည်။ ကရင်မဆန်များကို ရန်ကုန်ဘုရင့်နောင်ဈေးကွက်သို့ တင်ပို့ရောင်းချပြီး မနောသုခဆန်ကို တောရွာများနှင့် မြို့နယ်အတွင်း ပြန်လည်ရောင်းချကာ (၈)လုံးကိုက်ဆန်တစ်ပြည်လျှင် ၄၀၀၀ကျပ်နှုန်း၊ ဆန်တစ်အိတ်လျှင် ၉၀၀၀၀ကျပ်နှုန်းဖြင့် စက်ပိုင်များနှင့် ဆန်ဆိုင်များက ပြန်လည်ရောင်းချပေးလျက်ရှိကြောင်း ကွင်းဆင်းဆောင်ရွက်မှုများအရသိရှိရပါသည်။

          မြို့နယ်အတွင်းစားသုံးရန် လိုအပ်နေသောအခြားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ပခန်း ဆန်၊ လိမ္မော်သီးဆန်၊ ဧရာဝတီပေါ်ဆန်းဆန်များကို ဘုရင့်နောင်ဈေးကွက်မှဝယ်ယူ၍ မြို့နယ် အတွင်း စားသုံးသူများအဆင်ပြေရေးအတွက် ဆန်အရောင်းဆိုင်များက ပြန်လည်ရောင်းချပေးနေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)