ဆင်ကျုံးကျေးရွာရှိ ရွှေတိုးပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်းများသည် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မျှော်မှန်းချက်နှင့်အညီ တိုင်းဒေသကြီး ဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂၁.၆.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စလင်းမြို့နယ် တာဝန်ခံနှင့်အဖွဲ့သည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ရည်ရွယ်၍ စလင်းမြို့နယ် ဆင်ကျုံးကျေးရွာရှိ ရွှေတိုးပဲကြော် ထုတ်လုပ်ဖြန့်ဖြူးနေသည့် လုပ်ငန်းရှင် ဦးစံဝင်းမောင်နှင့် တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်ဖြန့်ဖြူးသော ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ကြေငြာချက် အမှတ် (၂/၂၀၁၉)နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးပေးရမည်ဖြစ်ကြောင်း၊ အခြားဌာနများ နှင့်လည်း ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)