ကြာအင်းဆိပ်ကြီး စက္ကဝက်ဒူးရင်းသီးများ ဈေးကြီးသော်လည်းအရောင်းသွက်

Powered by Drupal

      ကရင်ပြည်နယ်အတွင်း ‌ကော့ကရိတ်‌တောင်ပိုင်းဒေသသည် ဒူးရင်းသီးအထွက်အများဆုံးဖြစ်ပြီး ‌ယခုနှစ် ဇွန်လအတွင်း ကရင်ပြည်နယ် စက္ကဝက်ဒေသထွက် ဒူးရင်းသီးများမှာ ဈေးကောင်းသော်လည်း အရောင်းသွက်ကြောင်းသိရသည်။

        စက္ကဝက်ဒေသထွက် ဒူးရင်းသီးများ ရောင်းဝယ်မှုအခြေအနေများပတ်သက်၍ ဘားအံမြို့၊ ကန်သာယာရှေ့ ညဈေးတန်းတွင် ဒူးရင်းသီးရောင်းချနေသော ဦးလှရွှေက “ ညနေတိုင်း ရောင်းဖြစ်ပါတယ်၊ စက္ကဝက်ဒေသထွက် ဒူးရင်းသီးတွေပါပဲ၊ တစ်နေ့ကို အလုံး၁၅၀နဲ့ ၂၀၀ကြားရောင်းရတယ်၊ တစ်နေ့အမြတ် တစ်သိန်းခွဲနဲ့ နှစ်သိန်းနီးပါးကျန်ပါတယ်၊ ကော့ကရိတ်မှာတော့ စက္ကဝက်ဒေသထွက် ဒူးရင်းသီးက အကောင်းဆုံးပဲ၊ စားသုံးသူတွေကြိုက်ကြတယ်ဟုဆိုသည်။

       စက္ကဝက်ဒေသထွက် ဒူးရင်းသီးများမှာ အကြီးတစ်လုံးလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ဖြင့်လည်းကောင်း၊ အလတ်တစ်လုံးလျှင် ၁၀၀၀၀ကျပ်၊ နှစ်လုံး ၁၅၀၀၀ကျပ်ဖြင့်လည်းကောင်း၊ အသေးတစ်လုံးလျှင် တစ်လုံး ၅၀၀၀ကျပ်၊ သုံးလုံးကို ၁၀၀၀၀ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒူးရင်းသီးများကို တောင်ကြာအင်း၊ ‌လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ်၊ ဝင်းက၊ စက္ကဝက်၊ အစွန်း စသည့်ကျေးရွာများတွင် ဒူးရင်းခြံအများအပြားရှိကာ သံ‌တောင်ကြီးမြို့နယ်တွင်လည်း ဒူးရင်းခြံစိုက်ပျိုးသူများရှိ‌ကြောင်း ‌ဒေသခံများထံမှသိရှိရပါသည်။

DOCA(ကရင်)