ထီလုံဒေသထွက် သဘာဝမှို ဈေးကောင်း

Powered by Drupal

      နွေကူးရာသီ၊ နွေရာသီ သို့မဟုတ် ဆောင်းကူးရာသီတို့၌ မိုးတစ်ကြိမ်/ နှစ်ကြိမ်လောက် ရွာအပြီးတွင် မှိုများထွက်ပေါ်လေ့ရှိပြီး ကရင်ပြည်နယ်တွင် ဇွန်လနှောင်းပိုင်းတွင် မှိုများထွက်ပေါ်၍ ဈေးကွက်အတွင်း ရောင်းချကြကြောင်းသိရသည်။

       ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ထီလုံဒေသမှ မှိုအများဆုံးထွက်ပြီး ထီလုံမှထွက်ရှိသော မှိုဈေးနှုန်းများမှာ အဖူးတစ်ပိဿာလျှင် ၄၀၀၀၀ကျပ်၊ အပွင့်တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်ဖြင့် ဘားအံမြို့ မြို့မဈေး၊ လမ်းဂွဈေးတို့တွင်  ရောင်းချသည်ကိုတွေ့ရပြီး မှိုဈေးကောင်းကြောင်းသိရသည်။

      မှိုကို လူကြိုက်များသဖြင့် တချို့က စီးပွားရေးအဖြစ်စိုက်ပျိုး၍ ရောင်းချလေ့ရှိရာ ဈေးကွက်အတွင်း ရာသီမရွေးဝယ်ယူစားသုံးနိုင်သော်လည်း စိုက်ပျိုးရေးမှိုထက် ဈေးကြီးသော သဘာဝမှိုများကို လူအများကြိုက်နှစ်သက်ကြောင်းနှင့်  ကရင်ပြည်နယ်တွင် သစ်တောကြိုးဝိုင်းများတည်ရှိရာ ထီလုံဒေသမှ မှိုအများဆုံးထွက်ရှိပြီး ထီလုံဒေသထွက် သဘာဝမှိုများမှာ ဈေးကောင်း၍  လူအများကြိုက်နှစ်သက်ကြောင်းသိရှိရပါသည်။

DOCA(ကရင်)