ဆိပ်ဖြူကြက်သွန်နီ ဇွန်လ(တတိယပတ်)တွင် ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်

Powered by Drupal

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် ကြက်သွန်နီ အမြင့်ဈေး တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၉၀၀)၊ အလတ်စ ကျပ်(၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀)ဈေးနှုန်းရှိခဲ့ပြီး ယခင်ဇွန်(ဒုတိယပတ်)နှင့် ကာလတူနှိုင်းယှဉ်ကြည့်ပါက ဈေးအတက် အကျမရှိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု လျော့နည်းပြီး အရောင်းအဝယ်အေးကြောင်း သိရှိရသည်။

               ကြက်သွန်နီဈေးကွက်သို့ နေ့စဉ်ကုန်ချိန်ပိဿာ(၁၀၀၀၀)ခန့် မြို့ပေါ်ရှိ ကြက်သွန်နီပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်းကြက်သွန်နီ စိုက်ပျိုးမှုများသော အနောက်ကမ်းဖြူ၊ လိပ်ခြံ၊ ရေပုတ်၊ ကံတွင်း၊ ရွာသစ်ကြီး ကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊ ပြည်ပတင်ပို့မှုနည်းကြောင်း၊ ယခုဇွန်လ(တတိယပတ်)တွင် ကြက်သွန်နီကုန်ချိန်ပိဿာ(၁)သိန်း၊ တန်ချိန်အားဖြင့် (၁၆၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း၊ မြို့တွင်း လက်လီဈေးအနေဖြင့် ကြက်သွန်နီ တစ်ပိဿာကျပ်(၂၀၀၀-၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက် မှ သိရှိရပါသည်။

DOCA(မကွေး)