အမျိုးသမီးများနေ့ ကြိုဆိုဂုဏ်ပြုသော မိုးရာသီသစ်ပင်စိုက်ပွဲတော်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် ၂၂-၆-၂၀၂၄ ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် အမျိုးသမီးများနေ့ ကြိုဆိုဂုဏ်ပြုသော သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ပါသည်။

   အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ တိုက်ကြီးမြို့နယ်၊  တာဂွကျေးရွာအုပ်စု၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုက်ကြီးခရိုင်၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအပါအဝင် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊  ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ရေးပညာပေးရေးသင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းသားများ၊ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ (၂၀၅)ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပျိုးပင်များပေးအပ်ကာ သစ်ပင်များစုပေါင်းစိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးသည့်အပင်မျိုးမှာ အမြင့်(၂) ပေနှင့် အထက်(၂)နှစ်သားသက်တမ်းရှိ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်၊ မန်ဂျန်ရှားနှင့် ပျဉ်းမပျိုးပင်၊ စုစုပေါင်း (၁၀၀၀)ပင်စိုက်ပျိုး၍ အခမ်းအနားကို နံနက်(၀၈:၄၅)နာရီအချိန်တွင် စိုက်ပျိုးပြီးစီးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)