သာယာဝတီခရိုင်၏ ဖွဲနုဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာမှာ ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသော ဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိသကဲ့သို့ အခြားသောစားသောက်ကုန်များအတွက်လည်းအသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလ နောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၂၆၅ကျပ်ပေါက်ဈေးရှိခဲ့ပြီး ဇွန်လ ပထမပတ်မှ နောက်ဆုံးပတ်အထိ ဖွဲနုတစ်ပေါင်လျှင် ၂၆၀ကျပ်ဈေးနှုန်းဖြင့် ဖွဲနု (၆၅)ပေါင်ပါ တစ်အိတ်လျှင် ၁၆၉၀၀ကျပ်ဈေးနှုန်းဖြင့် လက်ကားဈေးရောင်းချရပြီး လက်လီဈေးနှုန်းအနေဖြင့် (၆၅) ပေါင်ပါ တစ်အိတ်လျှင် ၁၉၀၀၀ကျပ်ဈေးနှုန်းဖြင့်ရောင်းချရကြောင်း ဆန်စက်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)