![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22_14.jpg?itok=lLOzWBaH)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနွေနှမ်းစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မနှင့် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသော နွေရာသီစိုက် နွေနှမ်းနက်(စမုံ)နှင့်နှမ်းဖြူများ ပခုက္ကူဈေးကွက်သို့ အများအပြားဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများအနေဖြင့် ဇွန်လ (စတုတ္ထပတ်) တွင် နှမ်းနက် (စမုံ)တစ်တင်းလျှင် ကျပ်(၁၄၂၀၀၀-၁၄၅၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၃၃၀၀၀-၁၃၉၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇွန်လ (တတိယပတ်)တွင် နှမ်းနက် (စမုံ)တစ်တင်းလျှင် ကျပ်(၁၃၉၀၀၀ - ၁၄၂၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၃၀၀၀၀-၁၃၂၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ တစ်ရက်လျှင် တစ်တင်းခွဲဝင်အိတ် (၅၀)မှ (၂၀၀)ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇွန်လ (စတုတ္ထပတ်) တွင် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်ကြောင်းသိရှိရသည်။
ပခုက္ကူဈေးကွက်သို့ရောက်ရှိသော နွေနှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် မကွေး၊ ရန်ကုန်၊ မန္တလေးမြို့ လုပ်ငန်းရှင်များက အဝယ်လိုက်ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင် ရောက်မှုရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။
DOCA(မကွေး)