သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/ စီးထွက်မှုအခြေအနေ

Powered by Drupal

      သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇွန်လ၏ တတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၄၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၀) တန်ခန့်စီးထွက်ခဲ့ပါသည်။ ယခုဇွန်လ၏ နောက်ဆုံးအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၀၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၀) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်တတိယအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့နည်း၍ စီးထွက်ခဲ့ပါသည်။

      သထုံခရိုင်အတွင်းသို့ ဇွန်လ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၂၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၅၄) တန်ခန့်စီးဝင်ခဲ့ပြီး၊ ဇွန်လ၏ နောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၂၀) တန်ခန့်စီးဝင်ခဲ့ပြီး၊ သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်တတိယအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပို၍စီးဝင်ခဲ့ပါသည်။

      သထုံခရိုင်အတွင်း၌ ဇွန်လ၏ တတိယအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် ကျပ်(၃၈၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ ကျပ်(၃၇၀၀၀၀၀) ခန့်၊ ကမာကြည် ကျပ် (၂၇၀၀၀၀၀)ခန့်၊ ဧည့်မထ ကျပ်(၂၂၀၀၀၀၀)ခန့်နှင့် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် ကျပ်(၁၃၇၀၀၀)ခန့်၊ ပေါ်ဆန်းဝါ ကျပ်(၁၃၅၀၀၀) ခန့်၊ ကမာကြည် ကျပ်(၁၁၅၀၀၀)ခန့်၊ ဧည့်မထ ကျပ်(၇၅၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)